ဒီကနေ့ ဩဂုတ် ၂၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပြင်ဦးလွင်မြို့က ရေချမ်းအိုး ရပ်ကွက်မှာရှိတဲ့ ပြည်သူပိုင် မြေဧက ၂၀၀ ကျော်က နေအိမ်တွေကို စစ်တပ်က အတင်းအကျပ်ဖျက်ဆီးသွားပြီးနောက် ဒုဗိုလ်မှူးကြီး သိန်းနိုင်ထွန်းအမည်နဲ့ တပ်ပိုင်မြေ လျှောက်ထားလိုက်ပြီး၊ လမ်းမတန်း မျက်နှာစာ မြေဧက ၅၀ ကို အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံက ရယူမှာဖြစ်တယ်လို့ စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ကချင်ပြည်နယ် ဗန်းမော်မြို့ တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ ၃၁၉ တပ်က စစ်ကြောင်းမှူး ဗိုလ်ကြီး ခန့်ထက်နောင် ဆိုသူပွဲချင်းပြီး သေသွားတဲ့အပြင် စစ်သားတွေရဲ့ အလောင်းတွေလည်း စုံပုံနေတယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ပဲခူးတိုင်းက အကြမ်းဖက် စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အရာရှိ ၂ ဦး အပါအဝင် ၆ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် အရာရှိနေအိမ်နဲ့ ဘားတိုက်မှာ မီးလောင်ပျက်ဆီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
