ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်တွင် တရားမဝင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ကူညီဆောင်ရွက်ပေးပြီး ပြည်သူကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသော ပျူစောထီး ကိုကို ဆိုသူကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း 9 Stars UG ခေါင်းဆောင် မြွေပွေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၈ ရက်နေ့တွင် ညောင်လေးပင်မြို့နယ်မြို့နယ် တာဦးကျေးရွာတွင် နေထိုင်သော ပျူစောထီး ကိုကို ဆိုသူကို 9 Stars UG အဖွဲ့က နေအိမ် အတွင်း သွားရောက်ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးပြီးနောက် တာဦးရွာပြင်သို့ ခေါ်ဆောင်လာစဉ် ပျူစောထီး ကိုကို ဆိုသူက ၎င်းလွယ်အိတ်အတွင်း ပါလာသည့် လက်ပစ်ဗုံးဖြင့် ခုခံ တိုက်ခိုက်ရန် လုပ်ဆောင်ခြင်းကြောင့် ပစ်ခတ် ဖမ်းဆီးရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော ပျူစောထီး ကိုကို၏ လွယ်အိတ်အတွင်းမှ Vivo ဖုန်း ၁ လုံး ၊ ပိုက်ဆံ အိတ် ၁ လုံး၊ ငွေကျပ် ၄ သောင်းနှင့် မှတ်ပုံတင် ၁ ခု၊ အကြမ်းဖက် စစ်တပ်က ထုတ်ပေးထားသော လက်ပစ်ဗုံး ၁ လုံးတို့ကို သိမ်းဆည်း ရရှိခဲ့ပြီး 9 Stars UG ရဲဘော်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပျူစောထီး ကိုကို ဆိုသူသည် အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် တရားမဝင် ရွေးကောက်ပွဲဖြစ်မြောက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်နေသူဖြစ်ကြောင်း၊ ထို့ပြင် မဒေါက်မြို့မှ ဗိုလ်လေး ခင်လှိုင်နှင့် ပူးပေါင်းကာ စစ်တောင်းမြစ်အတွင်း ငါးရှာစားနေတဲ့ ပြည်သူများထံမှ ဆက်ကြေးကောက်ခြင်း၊ လုပ်ငန်းရှင် စက်လှေများထံမှ ၁ စီးလျှင် ငွေကျပ် ၂ သိန်း ဆက်ကြေးတောင်းခြင်း၊ စစ်ဘေးရှောင် ပြည်သူများက ကျွဲ၊ နွားများ အမဲပေါ်လျှင် တစ်ကောင်လျှင် ငွေကျပ် ၃ သောင်းခွဲ မတရားကောက်ခံခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။
“ပထမတော့ ကျနော်တို့က ရှင်းပစ်ဖို့ထိ မရည်ရွယ်ခဲ့ဘူး။ မေးမြန်းပြီး နောက်ဆုံးအကြိမ် အဖြစ် သတိပေးပြီး ပြန်လွှတ်ပေးဖို့ပဲ စီစဥ်ခဲ့တာ သူ့ဘက်ကစပြီး ကျနော်တို့ ရဲဘော်တွေကို ခုခံတုန့် ပြန်လာလို့ ရှင်းပစ်ခဲ့ပြီးမှ ပစ္စည်း တွေကို သိမ်းဆည်းခဲ့တာ” ဟု 9 Stars UG ခေါင်းဆောင် မြွေပွေးက ပြောဆိုသည်။
ဆက်လက်၍ ပဲခူးတိုင်း အရှေ့ခြမ်းတွင် ပြည်သူကို ဒုက္ခ ပေးနေသော ပျူစောထီးများ၊ အုပ်ချုပ်ရေးမှူးများနှင့် အကြမ်းဖက် စစ်တပ်နှင့် တိုက်ရိုက် ထိတွေ့ ဆက်ဆံနေပြီး ပြည်သူကို ဒုက္ခပေးနေသူများကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း 9 Stars UG အဖွဲ့က အသိပေး ပြောဆိုထားသည်။
ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်၏ ဒေါက်တိုင် ပျူစောထီး ၁ ဦး ရှင်းလင်းခံနေရစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
