ဒီကနေ့ စက်တင်ဘာ ၁၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်တပ်က လက်ရှိဆုံးရှုံးထားတဲ့နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ရရှိရင် ကြားဖြတ်ရွေးကောက်ပွဲတွေ ဆက်တိုက်ပြုလုပ်သွားဖို့ရှိပြီး အဲဒီကြားဖြတ်ရွေးကောက်ပွဲတွေကိုလည်း ကြံ့ခိုင်ရေးပါတီက အပြည့်အ၀ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကောင်စီမှ စစ်ကော်မရှင်လို့ အမည်ပြောင်းထားတဲ့စစ်အုပ်စုဟာ အကြမ်းဖက်အဖွဲ့အစည်းသာ ဖြစ်တဲ့အတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အညီ ဆက်လက်အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်က ရေနံမှော်တွေကို အကြမ်းဖက်စစ်တပ်က Y-12 လေယာဉ်နဲ့ ဗုံး ၅၅ လုံး ထပ်မံကျဲချတိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
