31.7 C
Yangon

မြင်းခြံမြို့နယ်၊ ကျောက်တိုင်ရွာ ရွှေစေတီ ဘုန်းကြီးကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု ကိုရင်ကြီး ၁ ပါး ပျံလွန်တော်မူပြီး ကျောင်းဆောင်များ ပျက်စီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်တိုင်ရွာ ရွှေစေတီ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Gyrocopter ၃ စီးဖြင့် လေကြောင်းတိုက်ခိုက် ဗုံးကျဲချရာ ကိုရင်ကြီး ၁ ပါး ပျံလွန်တော်မူပြီး ကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် မြင်းခြံမြို့နယ်၊ ကျောက်တိုင်ရွာ အရှေ့ဘက်ရှိ ရွှေစေတီ ဘုန်း ကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေယာဉ်ငယ် ခေါ် Gyrocopter ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ကျောက်တိုင်ရွာ အရှေ့ဘက်ရှိ ရွှေစေတီ ဘုန်းကြီးကျောင်းမှ သက်တော် ၆၂ နှစ်အရွယ် ကိုရင်ကြီး ၁ ပါး ပျံလွန်တော်မူခဲ့ပြီး ကုန်းသာရွာမှ တောင်သူ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ ထို့ပြင် ဘုန်းကြီး ကျောင်းဆောင်များလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ကျောက်တိုင်ရွာ ရွှေစေတီ ဘုန်းကြီးကျောင်းကို Gyrocopter ၃ စီးနဲ့ ဗုံးကျဲ တိုက် ခိုက်သွားတာပါ။ ရွှေစေတီ ဘုန်းကြီးကျောင်းက သက်တော် ၆၂ နှစ်အရွယ် ကိုရင်ကြီး ၁ ပါး ပျံလွန်တော်မူပါတယ်။ ကုန်းသာရွာက တောင်ယာ လုပ်ကိုင်နေတဲ့ အမျိုးသမီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာရတယ်” ဟု မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီမှ တာဝန်ရှိသူက ပြောဆိုသည်။

လတ်တလော မြင်းခြံမြို့နယ်တွင် စစ်တပ်က မြေပြင် စစ်ကြောင်းထိုးမှုများရှိနေပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ဆက် တိုက်လုပ်ဆောင်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များ၏ အဆိုအရ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article