မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် ခမရ ၅၉၁ တပ်ရင်းမှ ဗိုလ် ကြီး သိန်းထိုက် စျေးဝယ်ထွက်လာစဉ် ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Youth Revolutionary Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသာည်။
စက်တင်ဘာလ ၁၇ ရက်နေ့ ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် ခမရ ၅၉၁ တပ် ရင်းမှ ဗိုလ်ကြီး သိန်းထိုက်နှင့် မိန်းမဖြစ်သူ အပါအဝင် စစ်သား ၅ ဦးက ကားဖြင့် စျေးဝယ် ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ကျောင်းရွာ လမ်းပိုင်း တနေရာ၌ စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အသက် ၃၀ နှစ်အရွယ် ဗိုလ်ကြီး သိန်းထိုက် ပြင်းထန်ဒဏ်ရာရရှိကာ ဆေးရုံသို့ ပို့ဆောင်စဉ် လမ်း၌ သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် အရွယ် ၅၀ နှစ် အရွယ် ဗိုလ်ကြီး သိန်းထိုက်၏ မယားဖြစ်သူနှင့် စစ်သား ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိကာ ဆေးရုံတင်ထားရကြောင်း သိရှိရသည်။
“သူတို့ စျေးထွက်ဝယ်တဲ့အချိန်ကို ကျနော်တို့ လမ်းတနေရာမှာ စောင့်ကြို တိုက် ခိုက်ခဲ့တာပါ။ ဗိုလ်ကြီး သိန်းထိုက်ကတော့ ကားနဲ့ဆေးရုံကို ပို့ဆောင်တုန်း လမ်းတစ်ဝက်မှာ သွေးထွက်လွန်ပြီးသေတယ်။ ဗိုလ်ကြီးရဲ့ မယားက တော့ ဝမ်းဗိုက်တစ်ချက် ကျည်မှန်ပြီး ဒဏ်ရာရရတယ်။ သေဆုံးတာတော့ ဗိုလ်ကြီး တစ်ဦးတည်းပဲ သေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ကနေ သိရတယ်။ သူ့မိန်းမနဲ့ စစ်ခွေး ၃ ကောင်ကတော့ ဘယ်ဆေးရုံမှ တင်ထားလည်းဆိုတာ မသိရသေးဘူး။ ကျောင်းရွာ လမ်းပိုင်း တနေရာမှာ စောင့်ကြို တိုက်ခိုက်ခဲ့တာပါ” ဟု Youth Revolutionary Force မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို YRF လူငယ်တော်လှန်ရေးအဖွဲ့နှင့် KNLA တပ်ရင်း၂၇ တပ်ခွဲ ၅ တပ်ခွဲ ၃တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်မှ တိုက်ပွဲအတွင်းသေဆုံးခဲ့သော ဗိုလ်ကြီး ၁ ဦး၏ နာရေးပြင်ဆင်ထားမှု။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




