26.5 C
Yangon

မုံရွာမြို့နယ်၊ ကျောက္ကာရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တော်လှန်ရေးတပ်များက လိုက်လံ တိုက်ခိုက်မှု စစ်သား သေဆုံးမှုများပြား

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက္ကာရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ဩ ဂုတ်လနှင့် စက်တင်ဘာလ အတွင်း တော်လှန်ရေးတပ်များက လိုက်လံ တိုက်ခိုက်ရာ စစ်သား ၄၀ ဦးသေဆုံးခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၈ ရက်နေ့မှ စတင်ပြီး မုံရွာ-ကျောက္ကာလမ်းပိုင်းရှိ စီးပွားရေး တက္ကသိုလ်မှ ထွက်လာသော အင်အား ၁၅၀ ပါ စစ်ကြောင်းသည် ကျောက္ကာရွာကို စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများ စတင်ဖြစ်ခဲ့ကြောင်း သိရသည်။

ထိုစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ဩဂုတ်လ ၈ ရက်နေ့ ၊ ဩဂုတ်လ ၉ ရက်နေ့၊ ဩဂုတ် လ ၁၀ ရက်နေ့နှင့် ဩဂုတ်လ ၁၁ ရက်နေ့တို့တွင် နေ့စဉ် လိုက်လံ ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၄၀ ဦးသေဆုံးခဲ့ပြီး ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး ၁ ဦး အပါအဝင် ၂၀ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်တပ် စစ်ကြောင်းသည် ဩဂုတ်လ ၁၄ ရက်နေ့မှ စတင်ကာ လက်ရှိအချိန်အထိ ကျောက္ကာရွှေဂူနီ ဘုရားဝင်းအတွင်းတွင် အထိုင်ချတပ်စွဲထားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် တပ်စွဲထးသော ကျောက္ကာရွှေဂူနီ ဘုရားဝင်းအတွင်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ဩဂုတ်လ ၂၀ ရက်နေ့၊ စက်တင်ဘာလ ၁၂ ရက်နေ့နှင့် စက်တင်ဘာလ ၁၆ ရက်နေ့တို့တွင်လည်း သွားရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“စစ်ခွေးတွေ စစ်ကြောင်း စထိုးတဲ့ အချိန် တိုက်ပွဲဖြစ်တာကတော့ စစ်ခွေး ၄၀ ကောင်သေဆုံးခဲ့ပြီး ဗိုလ်မှူး ၁ ကောင်၊ ဗိုလ်ကြီး ၁ ကောင် အပါအဝင် ၂၀ လောက် ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ခွေးတွေ အထိုင်ချ တပ်စွဲနေတုန်း သွားရောက် တိုက်ခိုက်တာကတော့ စစ်ခွေး သေစာရင်း အတည်မပြုနိုင်သေးပါဘူး” ဟု မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် ပကဖ အမှတ် ၁၊၂၊၃၊၄၊၅ တိုက်နယ်တိုက်ခိုက်ရေးအဖွဲ့များ၊ မုံရွာမြို့နယ် ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့-Tribal Force၊ မုံရွာမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့-Monywa Special ဒိတ်ဒိတ်ကြဲ၊ မုံရွာခရိုင် အမှတ် ၆၊၇၊၁၆၊၂၄ တပ်ရင်းများ၊ ဗျူဟာ ၆၆ ၊ ဘုတလင် တပ်ပေါင်းစု စစ်ကြောင်း၊ ချောင်းဦး၊ အရာတော်၊ ဘုတလင်မြို့နယ် ပကဖများ၊ တမာတပ်ပေါင်းစု၊ တောကျွဲကြီးပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင်ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့များဖြစ်သည့် Danger Force၊ ရေနဂါး(YNG)၊ Chindwin Dynamite Salingyi LDF၊ Shadow Assassin LDF၊ မုံရွာမြို့နယ်ပလဖ၊ မုံရွာခရိုင်စစ်ဌာန Drone တပ်ဖွဲ့၊ မုံရွာခရိုင်စစ်ဌာန လက်နက်ကြီးတပ်ဖွဲ့၊ Area 71 LDF များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

လတ်တလော အကြမ်းဖက် စစ်တပ်က ကျောက္ကာရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေကာ မုံရွာ – အရာတော် လမ်းပိုင်းရှိ ကျောက္ကာရွာရွှေဂူနီဘုရား – ရွှေဂူဖြူဘုရား တွင်လည်း တပ်စွဲပြီး ဂိတ်စခန်းဖွင့်ထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article