26.5 C
Yangon

ထိုင်း-မြန်မာနယ်စပ်တွင် ဖမ်းဆီးရရှိခဲ့သော စိတ်ကြွမူးယစ်ဆေးပြားများကို KNU က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ KNU တပ်မဟာ ၇ နယ်မြေတွင် ဖမ်းဆီးရရှိသော စိတ်ကြွမူးယစ်ဆေးပြားများကို KNU က ယနေ့ မီးရှို့ဖျက်ဆီးလိုက်ကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ၊ ကရင် ပြည်နယ် မာနယ်ပလော သစ်စက်ဂိတ်စက်လှေပေါ်တွင် ပြီးခဲ့သည် ဧပြီလ ၂၇ ရက်နေ့ ဖမ်းဆီးရမိခဲ့သည့် WY စိတ်ကြွမူးယစ်ဆေးပြား ၅ သန်း ကို KNU ဗဟို တရား ရေး ဌာန က စိစစ် အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ အမှုမှ မူးယစ်ဆေးဝါးများ အပါအဝင် KNU က ဖမ်းဆီးရရှိထားသော မူးယစ်ဆေးပြား ၆ သန်းကျော်ကို ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် KNU က မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဧပြီလတုန်းက ဖမ်းဆီးရရှိတာတွေကိုပါ မီးရှို့ဖျက်ဆီးတာပါ။ သယ်ယူတဲ့သူတွေကိုလည်း KNU တရားရေးဌာနက အရေးယူပြီးပါပြီ” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၇ နယ်​မြေ၊ မာနယ်ပလော သစ်စက်ဂိတ်၊ စက်​လှေ​ပေါ်တွင် လိုက်ပါလာ​သော လူ ၂ ဦးနှင့်အတူ WY စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းနီးပါးကို KNLA တပ်များက ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article