26.2 C
Yangon

စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရွာ စစ်တပ်စစ်ဆေးရေးဂိတ်တွင် တပ်မ ၃၃ လက်အောက်ခံတပ်က ခရီးသွားယာဉ် ၁၁ စီး ထက်မနည်းကို သေနတ်ပစ်ဖောက် ဓားပြတိုက်၊ ပြည်သူပိုင် ငွေကြေး၊ ရွှေထည်ပစ္စည်းများ၊ ဖုန်းနှင့်ကားအုံနာဘုတ်များ လုယက်ခံရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရွာ၌ အထိုင်ချထားသော စစ်တပ်ဂိတ်က ခရီးသွားပြည် သူ ကား ၁၁ စီးထက်မနည်းကို လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ဖောက်ကာ ဓားပြတိုက်လု ယက်ခဲ့ကြောင်း ဓားပြတိုက်ခံခဲ့ရသော ခရီးသွားပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ စစ်ကိုင်းမြို့နယ်၊ မန္တလေး -ရွှေဘိုလမ်းပေါ်ရှိ ဆားတောင်ကျေးရွာ၌ အထိုင်ချထားသော တပ်မ ၃၃ လက်အောက်ခံတပ်ရင်းမှ စစ်သားများနှင့် ပျူစောထီးများက ခရီး သည် တင်ကား၊ အိမ်စီးကားများပါ ၁၁ စီးထက်မနည်းကို ရပ်တန့်ခိုင်းပြီး မှတ်ပုံတင်များစစ်ဆေး မည်ဟုဆိုကာ ကားပေါ်မှ ပြည်သူအားလုံးကို မှတ်ပုံတင်တစ်ခုတည်းသာ ကိုင်ခိုင်းပြီးအောက်ဆင်းခိုင်း ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြည်သူများအားလုံး ကားပေါ်မှ ဆင်းပြီးနောက် ယာဉ်မောင်းအပါအဝင်ခရီးသည်များအားလုံး ကို မြေပေါ်၌ ဝမ်း လျားမှောက်ခိုင်းကာ သေနတ်ပြောင်းဖြင့်ချိန်ထားပြီး “မော့ကြည့်ပါက ပစ်သတ် မယ်” ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ထို့နောက် လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက် ကာ ကားပေါ်ပါ ပစ္စည်းများကို လုယက်သွားခဲ့ကြောင်း သိရသည်။

“မြေပြင် ကားလမ်းပေါ် ရောက်တာနဲ့ မှတ်ပုံတင်မစစ်ဘဲ ကားသမားတွေရော၊ ခရီးသွားတွေရော အားလုံးကို ကားလမ်းပေါ်မှာ ဝမ်းလျှားမှောက်ခိုင်းထားတယ်၊ သေနတ်ကို ခရီးသွားပြည်သူတွေရဲ့ ဦးခေါင်းနောက်စေ့တွေက ချိန်ထားပြီးတော့ “မလှုပ်နဲ့ ခေါင်းမမောနဲ့၊ မော့တာနဲ့ ပစ်သတ်မယ်” ဆို လို့ ခေါင်းငုံ့နေခဲ့ရတာ၊ ချက်ချင်းဆိုသလိုပဲ လက်နက်ကြီး၊ လက်နက်ငယ်တွေ မနားတမ်းမိုးပေါ် ထောင်ပစ်ပြီးတော့ ကားပေါ်တက် ခရီးသည်တွေရဲ့ ဖုန်းတွေ၊ ပိုက်ဆံတွေရှာဖွေယူသွားတာ၊” ဟု ခရီးသွားပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ ဓားပြတိုက်ခံရမှုကြောင့် ကား ၁၁ စီးထံမှ ငွေကျပ် သိန်း ၂၀၀ ခန့် လုယက်ခံလိုက်ရပြီး ဖုန်း ၁၀ လုံးထက်မနည်းကိုလည်း စစ်တပ်က သိမ်းဆည်းသွားကြောင်း၊ ခရီးသွား မော်တော်ယဉ်များ၏ ကားပိုင်ရှင်မှတ်တမ်းစာအုပ် (Owner Book) ၊ ယာဉ်မောင်းလိုင်စင်တို့ကို စစ်သားများက ယူဆောင်သွားကြောင်း သိရ သည်။

“ကျနော်စီးတဲ့ကားက ဟန်းဖန်း ၄ လုံး ၊နောက်တစ်စီးမှာက မန္တလေးမှာ ဆေးကုသဖို့ ငွေသား သိန်း ၃၀၊ နောက်အိမ်စီးကားတစီးက သိန်း ၅၀ နဲ့ ဟန်းဖုန်း ၄ လုံး မြစ်ကြီးနားအိမ်းစီးကားတစ်စီးက ဟန်း ဖုန်း ၁ လုံးနဲ့ သိန်းတစ်ရာကျပ်အပြင် အုံနာဘုတ်၊ ယာဥ်မောင်းလိုင်စင်အပါ စကစကနေ အကုန်ယူ ထားလိုက်တာ၊ ပြီးမှ “မင်းတို့အတွက် အန္တရာယ်ရှိ၊ မြန်မြန်သွားပါ” လို့ ပြောပြီး လွှတ်ပေးလိုက်တာ။ သူတို့နဲ့ မနီးမဝေးတနေရာရောက်မှ ဘယ်ကားက ဘယ်လောက်ပါတယ်ဆိုတာ သိကြရတာ၊ ပါတာ က မနည်းဘူး”ဟု ခရီးသွားပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကိုင်းမြို့တွင် အခြေစိုက်ထားသော တပ်မ ၃၃ လက်အောက်ခံတပ်များမှာ အလွန်ရမ်းကားပြီး အထူးသဖြင့် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ စစ်ဆေးရေးဂိတ်များတွင် ဓားပြတိုက်လုယက်ခြင်း၊ ပြည်သူများကို အကြောင်းမရှိ အကြောင်းရှာ ရိုက်နှက်ခြင်း အပါအဝင် တရားဥပဒေမဲ့ လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း တပ်သတင်းရင်းမြစ်တစ်ခုက ရှင်းပြသည်။

ဓာတ်ပုံ – စစ်ကိုင်းမြို့အဝင်တွင် စစ်ဆေးရေးလုပ်နေသော စစ်ကိုင်းဝန်ကြီးချုပ် မြတ်ကျော်နှင့်အဖွဲ့။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကိုင်းမြို့အဝင်တွင် စစ်ဆေးရေးလုပ်နေသော စစ်ကိုင်းဝန်ကြီးချုပ် မြတ်ကျော်နှင့်အဖွဲ့။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article