ဒီကနေ့ စက်တင်ဘာ ၂၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်တပ်အတွင်း ဒုဗိုလ်ချုပ်ကြီးတချို့ကို အရန်အင်အားပို့ပြီး ဗိုလ်ချုပ်တွေကို ရာထူးတိုးအပြောင်း အလဲတွေ ပြုလုပ်နေပြန်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ပြောထားသလို ၊ CDM ဗိုလ်ကြီး ဇင်ယော်ကလည်း ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ကရင်ပြည်နယ် ၊ မြ၀တီမြို့နယ်မှာရှိတဲ့ လေးကေ့ကော် ဒေသကို ထိုးစစ်ဆင်နေတဲ့ အကြမ်းဖက် စစ်တပ်ဟာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ခြေမှုန်းမှုကို အကြီးအကျယ်ခံနေရပြီး စစ်ကြောင်းလိုက်ပျက်ဆီးသွားတဲ့အပြင် သေတဲ့သူတွေလည်း တော်တော်များနေတာတောင် အင်အားထပ်ဖြည့်ပြီး တက်နေတဲ့အတွက် တိုက်ပြွတွေ ဆက်လက်ပြင်းထန်နေတယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက် စစ်ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က လမ်းဘေးထိုးကျ ပျက်ဆီးသွားတဲ့ စစ်ကားကို ထားခဲ့ပြီး ထွက်ပြေး သွားကြတဲ့အတွက် အဲဒီစစ်ကားကို တော်လှန်ရေးတပ်တွေက မီးရှို့ရှင်းလင်းလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
