စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာရှိ ဆီဆိုင်နှင့် စားသောက်ဆိုင်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၈ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တန့်ဆည်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၈ မိနစ်ခန့်တွင် တန့်ဆည်မြို့နယ်၊ ကံထူးမရွာရှိ လူစည်ကားရာ ဆီဆိုင်နှင့် စားသောက်ဆိုင်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၈ ဦး ထက်မနည်းသေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဒဏ်ရာရရှိသများထဲတွင် ပြင်းထန်သူများလည်း ပါဝင်သောကြောင့် သေဆုံးသူ အရေအတွက် ထပ်တိုးနိုင်ကြောင်း သိရှိရသည်။
“တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ခွေးတွေက လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူ ၈ ဦး သေဆုံးတယ်လို့ ကနဦး သိထားရပါတယ်။ ဒဏ်ရာရတဲ့သူအရေအတွက်ကလည်း များလည်း ပြင်းထန်ဒဏ်ရာရထားတဲ့ သူတွေလည်း ပါဝင်ပါတယ်” ဟု တန့်ဆည်မြို့နယ် ပကဖ မှ တာဝန်ရှိက ပြောဆိုသည်။
လတ်တလော တန့်ဆည်မြို့ပေါ်တွင် အခြေပြုထားသော စစ်တပ်က တန့်ဆည်မြို့နယ်အတွင်း စစ်ကြောင်းထိုးရန် ပြင်ဆင်မှုများ မြင်တွေ့နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



