27 C
Yangon

ထိုင်းနိုင်ငံ၊ GFPT ကြက်သားစက်ရုံတွင် အလုပ်လုပ်နေသော တရားဝင် မြန်မာအလုပ်သမား ၂၀၀၀ ဝန်းကျင် လုပ်အားခ အပြည့်အဝ မရသည့်အပြင် လုပ်ငန်းခွင် ဖိနှိပ်မှုများကြုံနေရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၆

ထိုင်းနိုင်ငံ၊ ချွန်ပူလီရှိ GFPT ကြက်သားစက်ရုံတွင် အလုပ်လုပ်နေသော တရားဝင် မြန်မာအလုပ်သမား ၂၀၀၀ ဝန်းကျင်လုပ်အားခအပြည့်အဝမရခြင်း၊ အလုပ်ဝင်ပြီးမှ လုပ်အားခကို ပုတ်ပြတ်စနစ်သို့ ပြောင်းလဲခြင်းနှင့် လုပ်ငန်းခွင်တွင် ဖိနှိပ်မှုများ ကြုံတွေ့နေရကြောင်း အဆိုပါ စက်ရုံတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အလုပ်စခေါ်ချိန်တွင် တစ်နေ့ ထိုင်းဘတ် ၄၀၀ ၊ အချိန်ပိုကြေး ၁ နာရီလျှင် ၇၅ ဘတ်နှင့် ခေါ်ခဲ့သော်လည်း အလုပ် တစ်လပြည့်ချိန်တွင် ပုတ်ပြတ်နှင့်သာ ပေးမည်ဟု အစည်းအဝေးခေါ် ပြောကြားခဲ့ကြောင်း၊ အဆိုပါ စက်ရုံတွင် ကမ္ဘောဒီးယားနိုင်ငံသားများလည်း ရှိပြီး အလုပ်သမားခေါင်းဆောင်မှာ ကမ္ဘောဒီးယားနိုင်ငံသားဖြစ်သည့်အတွက် မြန်မာနိုင်ငံသားများကို ပိုမို ဖိနှိပ်နေကြောင်း စက်ရုံအလုပ်သမားများထံမှ သိရှိရသည်။

” ခွဲခြားဆက်ဆံမှုကလည်း အများကြီးဖြစ်နေတယ်။ အခုတော့ အလုပ်သမားတွေ နေ့စားခတောင် မကိုက်တော့ မလုပ်နိုင်လို့ အလုပ်ထဲကပြန်ကြတယ်။ လိုင်းခေါင်းဆောင်တွေက ပြန်ပလေ့စေ ၊ နောက်လူထပ်ခေါ်ပြီး လုပ်ခိုင်းမယ်လို့မောက်မာစွာ ပြောဆိုဆက်ဆံလာကြတယ်။ အလုပ်ခေါ်တုန်းက တမျိုး တစ်လပြည့်တော့ သူတို့ရဲ့ လုပ်ရပ်တွေက အားလုံးပေါ်လာတာတွေလာရတယ်”ဟု အဆိုပါ စက်ရုံမှ အလုပ်သမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စက်ရုံတွင် အလုပ်သမားများကို နေ့စားအဖြစ် ပြောင်းလဲခြင်း၊ မတရားဖိနှိပ် မနိုင်ဝန်ထမ်းခိုင်းခြင်းတို့ကြောင့် မြန်မာ အလုပ် သမားများမှာ အခက်အခဲများကို သည်းခံ ဆက်အလုပ် လုပ်နေရကြောင်း၊ ပွဲစားနှင့် စက်ရုံစကားပြန် ၊ မန်နေဂျာများပေါင်း၍ အဆိုပါ စက်ရုံတွင် လူသစ်များခေါ်ယူခြင်းများကိုလည်း နေ့စဥ်လိုလို လုပ်ဆောင်နေကြောင်း သိရှိရသည်။

“အလုပ်စခေါ်တော့ တစ်နေ့ ၄၀၀ ဘတ် ၊အိုတီ ၁နာရီ ၇၅ ဘတ်နဲ့ ခေါ်ကြပါတယ်။ ပွဲစားတွေက မန်နေဂျာကလည်း လုပ်ငန်း ခွင်မဝင်ခင် အစည်းဝေးလုပ်တော့လည်း အခုလိုပဲပြောတယ်။ ၁ လပြည့်တော့ အားလုံးကို ပုတ်ပြတ် ခိုင်းလာကြတယ်။ အလုပ်သမားတွေမှာ အတော်လေးအခက်တွေ့လာရတယ်။အတင်းအဓမ္မခိုင်းလို့ မလုပ်ချင်ပြန်တော့လည်း ပြန်လာတဲ့သူတွေကို အလုပ်ထုတ်ပစ်တယ်။ ညှိနိုင်းမပေးဘဲ မြန်မာတွေကို လုပ်ချင်သလိုလုပ်လာတာ”ဟု စက်ရုံဝန်ထမ်းများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် စက်ရုံက ပေးထားသည့် အခန်းများအတွက်လည်း ယခင်က အခန်းခသာ တောင်းခံခဲ့သော်လည်း စက်တင်ဘာလ ၂၃ ရက်‌‌မှ စတင်၍ အခန်းခ စပေါ်ပေးရန် အတင်းအကျပ်တောင်းခံလာကြောင်း စက်ရုံအလုပ်သမားများထံမှ သိရှိရသည်။

“အလုပ်သမားအရေးဆောင်ရွက်နေသူတွေတိုင်ဖို့ကျတော့ လူမညီလို့ မတိုင်ကြဘူး။ ခေါင်းခံပြီး ပြောတဲ့ လူတွေကို သူတို့က အလုပ်ထုတ်ပစ်ကြတော့လေ။ ပွဲစားစကားမယုံပါနဲ့။ ကျန်းမာရေး မကောင်းရင်တောင် ခွင့်မပေချင်တဲ့ စက်ရုံပါ”ဟု စက်ရုံအလုပ်သမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article