24.9 C
Yangon

တန့်ဆည်နှင့် ရေဦး အစပ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး မြေပြင်စစ်ကြောင်းကလည်း တနယ်ရွာကို မီးရှို့ဖျက်ဆီး၊ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်နှင့် ရေဦးမြိုနယ်အစပ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး မြေပြင်စစ်ကြောင်းကလည်း တနယ်ရွာကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများနှင့် တန့်ဆည်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်ဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် တန့်ဆည်မြို့နယ်နှင့် ရေဦးမြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် ကျေးရွာများကို ဝင်ရောက် စီးနင်းခဲ့ပြီး တနယ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် လေကြောင်းမှလည်း ဂျက်ဖိုက်တာဖြင့် ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ် အစပ်ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ လေ ကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်ရှိချိန်တွင် ရေဦးနှင့် တန့်ဆည်မြို့နယ် အစပ်ရှိ ကျေးရွာများမှ ထောင်နှင့်ချီသောပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

“တန့်ဆည်နဲ့ ရေဦး အစပ်ကို ဒီနေ့ နံနက်အစောပိုင်းမှာ စစ်ခွေးတွေက မြေပြင်ကနေ စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးနေတာပါ။ အဲစစ်ခွေး စစ်ကြောင်းက တန့်ဆည်နယ်ထဲက တနယ်ရွာကို မီးရှို့ဖျက်ဆီးသွားတယ်။ ပြည်သူတွေကတော့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်” ဟု တန့်ဆည်မြို့နယ် ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက တန့်ဆည်မြို့နယ် ခပေါင်းကြိုင်ရွာနှင့် ရေဦးမြို့နယ်၊ အောင်သာရွာဘက်ကို ရောက်ရှိနေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article