24.9 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကြံ့ဖွတ်ပါတီက PDF တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လုပ်ကြံတိုက်ခိုက်မှု ခံရမှာကို စိုးရိမ်ပြီး ရွေးကောက်ပွဲ ယှဉ်ပြိုင်မယ့် သူတို့ပါတီ အမတ်လောင်းတွေရဲ့ အမည်တွေကို အထူးအရေးကြီးကိစ္စအဖြစ် လျှို့ဝှက်ဖုံး ကွယ်ထား ထားတယ်လို့ ကြံ့ဖွတ်ပါတီ သတင်ရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရန်ကုန်မြို့ ၊ လှိုင်သာယာအရှေ့ပိုင်း ၂ ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူး ဆန်းမြင့် ဆိုသူက လူငယ်အလုပ်သမားတွေ နေတဲ့ စက်ရုံတွေ ၊ အဆောင်တွေနဲ့ နေအိမ်တွေဆီကနေ လစဉ် ငွေကျပ် ၅ သိန်းစီ ဧည့်စာရင်းကြေး အဖြစ် တောင်းခံပြီး အဆောင်ပိုင်ရှင်တွေကို စစ်မှုထမ်းမယ့် လူငယ်တွေပါ လစဉ်ရှာခိုင်းနေတယ်လို့ အဲဒီရပ်ကွက်မှာ နေတဲ့ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ဆက်သွယ်ပြောဆိုလာပါတယ်။
  • ရန်ကုန်မြို့က မြောက်ဥက္ကလာမြို့နယ်မှာ စစ်မှုထမ်းလူသစ်စုတာတွေနဲ့ ရွေးကောက်ပွဲကိစ္စတွေ လုပ်နေတဲ့ ရွှေပေါက်ကံ မြို့သစ် ၂၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မြို့ပြတော်လှန်ရေးရဲဘော်တွေကမိုင်းအပြင် လက်ပစ်ဗုံး နဲ့ပါ ဖောက်ခွဲ တိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article