29.2 C
Yangon

မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်တွင် နေ့စဉ် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ၁၀၀ ကျော်သေဆုံးဟုဆို ၊ တော်လှန် ရေးတပ်စခန်းတချို့ ဆုတ်ခွာရမှုများရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်တွင် နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး စစ်သား ၁၅၀ ကျော် သေဆုံးထားကာ လက်နက်ဖြင့်အလင်းဝင်ရောက်သူများလည်း ရှိကြောင်း ကျားသစ်နက် စစ်ကြောင်းနှင့် Justice Soldier တပ်ဖွဲ့တို့က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၂၁ ရက်နေ့မှစ၍ မြဝတီမြို့နယ် လေးကေကော်မြို့သစ်ဘက်သို့ အကြမ်းဖက်စစ် ကောင်စီတပ်က လေ ကြောင်း ၊ နည်းပညာမြင့် Droneများ ၊ Missile (ဒုံးကျည်များ) ၊ လက်နက် ကြီးပစ်ကူ အမြောက်များ အသုံးပြုကာ လေးကေ့ကော်မြို့ မြောက်ဘက် နှင့် အရှေ့မြောက်ဘက်ရှိ မယ်ထော်သလေး ၊ ပဟိကလော် ၊ ထီးမယ်ဝါးခီးလမ်းကြောင်းတို့ အင်အားအလုံးအရင်းဖြင့် ထိုးစစ် ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်စစ်တပ်မှ ထိခိုက်သေဆုံးသူ ၁၅၀ ကျော်သေဆုံးကာ Justice Soldier တပ်ဖွဲ့မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်းနှင့် ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက် ၊ ခဲယမ်းများနှင့်အတူ အလင်း ဝင်ရောက်လာ သည့် စစ်သားအများအပြား ရှိနေပြီး စစ်မှုထမ်းတပ်သားများကို အင်အားထပ်ဖြည့်ကာ ဆက်လက် ပို့ဆောင်နေသောကြောင့် လေးကေ့ကော်မြို့သစ်အတွင်း၌ တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲဖြစ် ကြောင်း သိရသည်။

“စစ်တပ် စစ်ကြောင်းတွေက BGF အကူအညီနဲ့ တက်လာနေတာ။ တော်လှန်ရေးဘက်က စခန်းနေရာတချို့ ကနေ နောက် ဆုတ်ရတာရှိတယ်။ စစ်တပ်ကတော့ စစ်မှုထမ်းတပ်သားသစ်တွေ တက်လာလိုက် သေသွားလိုက်၊ နောက်ထပ် အင်အားဖြည့် တက်လာလိုက်ပဲ။ လူလှိုင်းနဲ့ကို ထိုးစစ်ဆင်နေတဲ့သဘောလို့ ပြောလို့ရတယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းများကို KNU/KNLA ၊ ဗျူဟာအမှတ် ၃၂ ကျားသစ်နက်စစ်ကြောင်း ၊ ကော်ဘရာစစ်ကြောင်း ၊ ဗွီနွန်စစ်ကြောင်း နှင့် Justice Solider စစ်ကြောင်း များ ပူးပေါင်း ကာ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြည်သူများကို အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးကာ စစ်မှုထမ်း တပ်သားအဖြစ် စုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်များတွင် မူးယစ်ဆေးဝါများ ကျွေးကာ အသေခံ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ၊ ထို့ကြောင့် ရှေ့တန်းတိုက်ပွဲများတွင် သေဆုံးသူအများစုမှာ စစ်မှု ထမ်းတပ်သားများဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်အာဏာရှင်ကို ဆန့်ကျင်ကာ အလင်းဝင် ရောက်ကြပါရန်နှင့် ထိုသို့ အလင်း ဝင်ရောက်လာသူများကို နွေးထွေးစွာ ကြိုဆိုလျက်ရှိကြောင်း ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကော်ဘရာစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article