ကရင်နီပြည်နယ် ၊ဒီးမော့ဆိုမြို့နယ်တွင် စစ်ကြောင်းထိုးနေသော ခလရ ၉ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦး သေနတ်ယူဆောင်လာခြင်းမရှိဘဲ အလင်းဝင်လာကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
စက်တင်ဘာလ ၂၉ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်တွင် စစ်ကြောင်းထိုးနေသော ခလရ ၉ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦး သေနတ်ယူဆောင်လာခြင်းမရှိဘဲ ထွက်ပြေးလာပြီး KNDF – Karenni Nationalities Defense Force ထံသို့ အလင်းဝင်ရောက်လာခဲ့ကြောင်းသိရှိရသည်။
“သူကတော့ စက်တင်ဘာလ ၂၇ရက်နေ့လောက်မှာ သူထွက်ပြေးလာတာပေါ့နော်။ ကျွန်တော်တို့ ဒီဘက်ကိုတော့ ၂၉ရက်နေ့လောက်မှာ ရောက် လာတယ်ပေါ့နော်။ သူကတော့ လက်နက်မဲ့ပါဘဲ။ လက်နက်မပါဘူးပေါ့။ ကျွန်တော်တို့ သူကို လုံခြုံတဲ့နေရာမှာ စောင့်ရှောက်တယ်ထားပြီပေါ့နော်။ သူကတော့ ဒီ ကျွန်တော်တို့ ဒီအင်တာဗျုးထဲမှာပါတဲ့ အတိုင်းပဲ ခလရ ၉က ဖြစ်တယ်ပေါ့နော်။ဆိုတော့ သူကို ကျွန်တော်တို့က ဒီမှာ ပေးသင့်ပေးထိုက်တဲ့ ခံစားခွင့်တွေပေးထားပါတယ်။ ကျွန်တော်တို့ မှတ်ချက်ပေးချင်တာကတော့ ကျွန်တော်တို့ အနေနဲ့ကတော့ စစ်ကောင်စီရဲ့ အဓမ္မ စစ်မှုထမ်းနေရတဲ့ သူတွေ အားလုံးပေါ့နော်။ စစ်ကောင်စီရဲ့ အောက်မှာ ဒီစစ်အာဏာရှင် စနစ်တည်မြဲရေးအတွက် ဒီလူတစ်စုအတွက် ကျွန်တော်တို့ ရပ်တည်မဲ့ အစားပေါ့နော် လူထုတွေကို မျက်နှာမှုပါ။ အဲဒီ မျက်နှာမူပြီးတော့မှ ကျွန်တော်တို့ဘက်ကို အချိန်မရွေး ဘက်ပြောင်းလာခဲ့ပါ။ ကျွန်တော်တို့ ကြိုဆိုနေပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ လူ့အခွင့်အရေးနဲ့အညီ ကျွန်တော်တို့ ရနိုင်တဲ့ ခံစားခွင့်တွေအစ အားလုံးကို ကျွန်တော်တို့ အာမခံပြီးတော့မှ ကြိုဆိုလျှက်ရှိပါတယ် ဆိုတဲ့ဟာမျိုး ပေါ့နော် ပြောချင်ပါတယ်”ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ပြောဆိုသည်။
ထိုအလင်းဝင်ရောက်လာသော စစ်မှုထမ်းတပ်သားသစ် အောင်ကိုကိုဟိန်းသည် စစ်မှုထမ်း အပတ်စဉ် ၅ ကျောင်းဆင်းဖြစ်ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်သားများ ပေါ်တာဆွဲခံရသူတစ်ဦးဖြစ်ကြောင်းသိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
