27.7 C
Yangon

ရန်ကုန်မြို့ ၊ Beauty Land Hotel အခန်း အမှတ် ၅၀၂ တွင် အသက် ၂၀ ကျော်အမျိုးသမီးကို အပိုင်းပိုင်းခုတ်ဖြတ် သတ်သူကို ဖမ်းဆီးရရှိ၊ သာကေတမြို့နယ် ၇ ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး စိတ္တဇလူသတ်ကားများ ကြိုက်နှစ်သက်သူဖြစ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

ရန်ကုန်မြို့ ၊ Beauty Land Hotel အခန်း အမှတ် ၅၀၂ တွင် အသက် ၂၀ ကျော်အမျိုးသမီးကို အပိုင်းပိုင်းခုတ်ဖြတ် သတ်သူကို ဖမ်းဆီးရရှိသွားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

အောက်တိုဘာလ ၆ ရက် နံနက်ပိုင်း ပန်းဘဲတန်းမြို့ နယ်၊အမှတ် ၁၁ ရပ်ကွက် ၊ ၃၂လမ်း (အထက်)၊ Beauty Land Hotel ၊ အခန်းအမှတ် ၅၀၂ တွင် အမျိုးသမီး ၁ ဦးကိုအပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်သွားပြီး အလောင်းကို အမှိုက်အိတ်အပြာဖြင့် ထုပ်ပိုး ပစ်ထားခဲ့ကြောင်း၊ အဆိုပါ အမှုအတွက် အမျိုးသမီးကို သတ်ဖြတ်ခဲ့သော တရားခံဟု သံသယရှိခံရသူ အမျိုးသားကို ယမန်နေ့ အောက် တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးရရှိပြီး စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“သတ်ဖြတ်သူကတော့ ဝန်ခံထားပြီလို့ သိရတယ်။ သူက သာကေတမြို့နယ် ၇ ရပ်ကွက်မှာ နေတာပါ။ မနေ့ မနက်ပိုင်းမှာ တရားခံကို ရဲအင်အားအလုံးအရင်းနဲ့ သူ့နေအိမ်မှာ ဝင်ဖမ်းပါတယ်။ တိုင်းအဆင့်က ဝင်ဖမ်းတာ။ ပြီးတော့ ရပ်ကွက်ရုံးကို​ ခေါ်တယ်။ အဲဒီကမှတစ်ဆင့် ရဲတွေ ခေါ်သွားပါတယ်။ သူသတ်တယ်ဆိုတာလည်း ဝန်ခံတယ်လို့ သိထားတယ်။ အသေးစိတ်တော့ သတင်းထုတ်ပြန်မှပဲ သေချာသိရမယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

သတ်ဖြတ်သူသည် အသတ်ခံရသူ အမျိုးသမီးနှင့် အွန်လိုင်းပေါ်မှ တွေ့ဆုံခဲ့ကြပြီး အခန်းတွင် ချိန်းဆိုအတူနေခဲ့ကြကြောင်း၊ ယင်းနောက် အမျိုးသားက အမျိုးသမီးကို အစီအစဉ်တကျ သတ်ဖြတ်ခဲ့ကြောင်း၊ သတ်ဖြတ်သူမှာ လူသတ်ကားများကို နှစ်ခြိုက်စွာ ကြည့်ရှုသူတစ်ဦးဖြစ်ပြီး စိတ်ပိုင်းဆိုင် ရာ ပြဿနာရှိနေသူဟု ယူဆရကာ မူးယစ်ဆေးဝါးသုံးစွဲသည်ဟု ယူဆရကြောင်း၊ အသတ်ခံရသူ အမျိုးသမီးမှာ နတ်တလင်းမှ ဖြစ်ပြီး ယင်းဟိုတယ်တွင်ပင် နေထိုင်နေသည်မှာ အချိန်အနည်းငယ်ကြာမြင့်နေပြီဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ ရဲက အမှုကို ဆက်လက် စစ်ဆေးနေဆဲဖြစ်ပြီး သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article