27.7 C
Yangon

ပွင့်ဖြူမြို့နယ်၊ ပုသိမ် -မုံရွာလမ်းပေါ်မှ စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား အလောင်း ၄ လောင်း၊ လက်နက် ၆ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ပုသိမ် -မုံရွာလမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ စစ် သားအလောင်း ၄ လောင်းနှင့် လက်နက် ၆ လက်သိမ်းဆည်းရရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း (People Defense Force – Pwintbyu)မှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ဘက ပြောဆိုသည်။

အောက်တိုဘာလ ၄ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာ လမ်းပိုင်း မဲဇလီ-ဆည် တော် ကြိုးတံတားရှိ အကြမ်း ဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီ ၃၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ဂိတ် စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်သား အလောင်း ၄ လောင်း၊ လက်နက် ၆ လက်၊ ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“၁၀ ယောက် ကျော်ကျော်ပဲရှိတဲ့ ဂိတ်ပါ။ ဘန်ကာထဲကနေ ခံပစ်နေလို့ ၁ နာရီခွဲလောက်အထိ ကြာသွားတာ၊ စစ်ကူလာတာမရှိဘူး။ အလောင်းက ၄ လောင်းပဲ တွေ့ခဲ့ရတယ်။ ကျန်တဲ့ စခတွေက လက်နက်စွန့်ပြီးထွက်ပြေးသွားလို့ လက်နက် ၆ လက်ရခဲ့တာပါ။ ကျနော်တို့တပ်ဖွဲ့ဝင်တွေအားလုံး ဘေးကင်းခဲ့ပါတယ်။ လက်ရှိတော့ အဲဒီဂိတ်မှာ စခတွေ ပြန်ပြီးနေရာယူထားပါတယ်” ဟု မင်းဘူး ခရိုင်အမှတ် ၇ တပ်ရင်းမှ တာဝန်ရှိသူကိုအောင်ဘက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြား သည်။

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း၊ မင်းဘူးခရိုင် ပကဖ နှင့် ပွင့်ဖြူမြို့နယ် ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းမှ လက်နက်ကြီးပစ်ကူပေးခဲ့ ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ထုတ်ပြန်ထားသည့် လမ်းပိုင်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာပေးကြပါရန်နှင့် စစ်တပ်စစ်ကြောင်းနှင့်တွေ့ပါက ဝေးဝေးမှ ရှောင်ရှားသွားလာနေထိုင်ပေးကြပါရန် မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းက မေတ္တာရပ်ခံထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article