28.1 C
Yangon

ဗန်းမော်မြို့တွင်းရှိ စစ်တပ် တပ်စွဲထားသော နေရာ ၅ ခုထက်မနည်းကို KIA ပူးပေါင်းတပ်များက ပြန်လည် တိုက်ခိုက်သိမ်းပိုက်ထားပြီး တန်ပြန်ထိုးစစ်ဆင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် စစ်တပ်က တပ်စွဲထားသော နေရာ ၅ ခုထက်မနည်းကို KIA ပူးပေါင်းတပ်များက ပြန်လည် တိုက်ခိုက်သိမ်းပိုက်ထားပြီး တန်ပြန်ထိုးစစ်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၈ ရက်နေ့နှင့် အောက်တိုဘာလ ၉ ရက်နေ့တို့တွင် စစ်တပ်က နေရာယူထားသော ဗန်းမော်မြို့တွင်း နေရာတချို့ကို KIA ပူးပေါင်းတပ်များက တစ်ကျော့ပြန် ပြန်လည် တိုက်ခိုက်သိမ်းပိုက်ပြီး တန်ပြန်ထိုးစစ်ဆင်လာနိုင်ကြောင်း သိရှိရသည်။

“ခလရ ၄၇ နားက ကာကင်းစခန်းတွေကို သိမ်းတယ်။ နောက်ပြီးတော့ ၂ မိုင်နဲ့ အရှေ့သာစည်ဂေါက်ကွင်းအနားမှာရှိတဲ့ စစ် တပ်က ခြေကုတ်ကင်းစခန်း ၃ ခုကိုလည်း သိမ်းပါတယ်။ စစ်ခွေးသေစာရင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတာရှိတယ်။ သူတို့ဘက်က ပြန်ဆုတ်သွားတယ်။ ဗန်းမော်မှာက ကိုယ့်ဘက်က ပြန်တိုးလိုက် သူဘက်က ဆုတ်လိုက်။ သူ့ဘက်က ပြန်တိုးလိုက် ကိုယ့်ဘက် နောက်ပြန်ဆုတ်လိုက် ဖြစ်နေတယ်။ အခုကတော့ တန်ပြန်ထိုးစစ်သဘောမျိုး ကိုယ့်ဘက်က ပြန်စတာ” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး​ကြီးနော်ဘူက ဗန်းမော်မြို့တွင် နေ့တိုင်းတိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းတိုက် ခိုက်မှု၊ နည်းပညာမြင့်ဒရုန်းများဖြင့် အဓိက အားယူ တိုက်ခိုက်နေကြောင်း၊ မြေပြင်တွင်မူ KIA တပ်များက ပြန်လည် စိုးမိုးထားနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။

စစ်တပ်က ဗန်းမော်မြို့ကို အသာစီး စိုးမိုးနိုင်ပြီဟု ဝါဒဖြန့် သတင်းများကို ထုတ် ပြန်လျက်ရှိသော်လည်း လက်တွေ့တွင် စကခ ၂၁ ထဲတွင်သာ စစ်တပ်က အခြေပြု၍ ခုခံစစ်ဆင်နေခြင်းဖြစ်ကြောင်း၊ ဗန်းမော်တစ်မြို့လုံးအတိုင်းအတာဖြင့် တော်လှန်ရေး တပ်များက စိုးမိုးထားနိုင်ကြောင်း တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်၍ KIA ပူးပေါင်းတပ်များက ဆင်နွှဲလာခြင်းဖြစ်ပြီး ယခုအခါ ၁၁ လကျော်ကြာ ကြာမြင့်လာပြီဖြစ်သည်။

ဓာတ်ပုံ – ရှေ့တန်းစစ်မြေပြင်မှ KIA တပ်ဖွဲ့ဝင် ရဲဘော်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရှေ့တန်းစစ်မြေပြင်မှ KIA တပ်ဖွဲ့ဝင် ရဲဘော်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article