28.6 C
Yangon

ဟားခါးမြို့နယ်၊ ဗန်ဟာရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကျောင်းသား ၂ ဦးသေဆုံးပြီး ကျောင်းသားတချို့ ပျောက်ဆုံးနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၃

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟာရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျောင်းသား ၂ ဦးသေဆုံးပြီး ကျောင်းသားတချို့ ပျောက်ဆုံးနေကြောင်း Chinland Defense Force-Hakhaနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဗန်ဟာရွာ စာသင်ကျောင်းကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ကျောင်းသား ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကြောင်း၊ သေဆုံးသွားသော ကျောင်းသား ၂ ဦးသည် အသက် ၁၀ နှစ်အရွယ် ကလေးငယ်များဖြစ်ပြီး ပျောက်ဆုံးနေသော ကျောင်းသား တချို့ကိုလည်း ဆက်လက်ရှာဖွေနေကြောင်း သိရှိရသည်။

“သေဆုံးသွားတဲ့ ကျောင်းသားလေး ၂ ဦးက ၃ တန်းနဲ့ ၅ တန်းအရွယ် ကလေးငယ်တွေပါ။ လေကြာင်း တိုက်ခိုက်မှု အတွင်းမှာလည်း ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့ သိရပါတယ်။ ပျောက်ဆုံးနေသူတွေကိုတော့ ဆက်လက် ရှာဖွေနေပါတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှု အတွင်း ကျောင်းသား၊ ကျောင်းသူများ ထိခိုက်သေဆုံးမှုရှိကြောင်းကို Chinland Defense Force-Hakha က ရန်ကုန်ခေတ်သစ် သတင်းဌာနကို အတည်ပြုပြောဆိုသော်လည်း သေဆုံးသူ အရေအတွက်ကို ပြောဆိုခြင်းမရှိသေးပေ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article