28.6 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုနဲ့ ပြည်သူလူထုကို သတ်ဖြတ်နေမှုတွေကြောင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ်ရပ်ဆိုင်းသွားပြီး စက္ကူစုတ် တစ်ခုအဖြစ် ရောက်ရှိသွားပြီလို့ KNU အပါအဝင် တော်လှန်ရေးတပ်တွေက စုပေါင်းထုတ်ပြန်လိုက်ပါတယ်။
  • အွန်လိုင်းပေါ်မှာ အကြမ်းဖက် မင်းအောင်လှိုင်နဲ့ သူ့မိန်းမကြူကြူလှ အပါအဝင် စစ်အရာရှိတွေကို သိက္ခာ ကျအောင် ပြောဆိုခဲ့တယ်ဆိုတဲ့ အမှုဟောင်းတွေနဲ့ တိုင်ကြားခံရသူ သမီးဆိုးလို့ခေါ်တဲ့ သက်ကိုကို ဆိုတဲ့ အမျိုးသမီးကို စစ်တပ်က ရန်ကုန်လေဆိပ်မှာပဲ ဖမ်းဆီးလိုက်ပြီး ပြင်ဦးလွင်ရဲစခန်းကို ပို့ဆောင်မှာဖြစ် တယ်လို့ သမီးဆိုး ဆိုသူရဲ့ မိတ်ဆွေကိုယ်တိုင် ရန်ကုန်ခေတ်သစ်ကို ပြောထားပါတယ်။
  • ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့နယ်က အကြမ်းဖက် စစ်တပ်လက်အောက်ခံ သကံ၀ ကျေးရွာ အုပ်ချုပ်ရေးမှူး လင်းနိုင်ဆိုသူက စစ်မှုထမ်းကြေးဆိုပြီး လစဉ် ငွေကြေးကောက်ခံမှုက ရတဲ့ ငွေကျပ် သိန်း ၇၀၀ နီးပါးကို အလွဲသုံးစားလုပ်မှုအတွက် အထက်ကို တိုင်ကြားစာပေးပို့ခဲ့ပေမယ့် အရေးမယူတဲ့အပြင် ငွေကောက်ခံမှုဟာ ပိုတောင် ဆိုးလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article