28.6 C
Yangon

ဩစတြေးလျတွင် ကျင်းပသည့် Nike Melbourne မာရသွန်ပြေးပွဲတွင် မြန်မာ ၂ ဦးနှင့် မလေးရှား ၁ ဦးတို့က ပင်နီဝတ်စုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၃

ဩစတြေးလျနိုင်ငံ၊ ကော့ဖာဟားဘားတွင် ပြုလုပ်သည့် Nike Melbourne Marathon Festival တွင် မြန်မာနိုင်ငံသား ၂ ဦး နှင့် မလေးရှားနိုင်ငံသား ၁ ဦးတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ပင်နီ ဝတ်စုံအပြည့်အစုံ၊ ကိုဂျင်မီ၊ ကိုဇေယျာသော်၊ အမေစု နာမည်များ ရေးထိုးထားသော ခေါင်းစည်းပဝါများ စည်း၍ ဝင်ရောက် ယှဉ်ပြိုင်ကြောင်း မာရသွန်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူများထံမှ သိရှိရသည်။ ‌‌‌‌

အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြုလုပ်သည့် Nike Melbourne Marathon Festival ၌ NLD ဝတ်စုံဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး စစ်တပ်၏ အတုအယောင် မတရားသော ရွေးကောက်ပွဲကို ကမ္ဘာကသိစေရန်၊ ကိုယ်ကျိုးစွန့် အသက်ပေးခဲ့သော ကိုဇေယျာသော်နှင့် ကိုဂျင်မီတို့အား အမှတ်ရ ဂုဏ်ပြုရန်နှင့် အကျဉ်းထောင်ထဲတွင် ကျန်းမာရေး ချို့တဲ့နေသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေကို မီးမောင်းထိုးပြပြီး အမေစု၏ ခံနိုင်ရည်ရှိမှုကို အမှတ်ရစေရန်တို့ ရည်ရွယ်ကြောင်း သိရှိရသည်။

အဆိုပါ မာရသွန်ပြေးပွဲမှတစ်ဆင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက် အားပေးထောက်ခံမှုနှင့် အမေ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် နိုင်ငံတကာ၏ အာရုံစူးစိုက်မှုကို ရယူနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article