31 C
Yangon

လောင်းလုံးမြို့အနီး လူငယ်များကို ပေါ်တာဆွဲရန် လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး လူငယ် ၆ ဦးကို ကယ်ထုတ်နိုင်ခဲ့

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့အနီးရှိ ကျေးရွာများမှ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် လာသည့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး စစ်တပ်က ဖမ်းဆီးထားသော လူငယ် ၆ ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့ကြောင်း ထား၀ယ်ခရိုင် တပ်ပေါင်းစု ပြန်ကြားရေးတာ၀န်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် လောင်းလုံးမြို့ပေါ်မှ ထွက်လာသော အင်အား ၆၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြို့အနီးရှိ ကျေးရွာများမှ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် လာရောက်စဉ် တောတွင်း တနေရာ၌ ထား၀ယ်ခရိုင်တပ်‌ပေါင်းစုနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၈ ဦး ထက်မနည်းသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း အကြမ်း ဖက် စစ်တပ်ဘက်မှ ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ် ၆ ဦးလုံးသည်လည်း ထွက်ပြေးလွတ်မြောက်ခဲ့ကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ထိန်း သိမ်း စောင့်ရှောက်ထားကြောင်း သိရှိရသည်။

ယင်း ထိတွေ့ တိုက်ပွဲသည် ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ခဲယမ်းနှင့် ကျောပိုးအိတ်တချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်သည် လောင်းလုံးမြို့ပေါ်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

“တိုက်ပွဲအတွင်းမှာ စစ်ခွေးတွေ ပေါ်တာဆွဲ ဖမ်းဆီးလာတဲ့ လူငယ် ၆ ဦးကို ထွက် ပြေးနိုင်ခဲ့တော့ ကျနော်တို့က ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ တိုက် ပွဲအတွင်းမှ စစ်ခွေးတွေဘက်က ၈ ကောင်ထက်မနည်းသေဆုံးပြီး ဒဏ် ရာရတာလည်း တော်တော်များတယ်။ ခွေးနာတွေကို ကား ၃ စီးနဲ့ လောင်းလုံးမြို့ပေါ် ပြန်သယ်သွားတယ်” ဟု ထား၀ယ်ခရိုင် တပ်ပေါင်းစု ပြန်ကြားရေးတာ ၀န်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ထား၀ယ်ခရိုင်တပ်ပေါင်းစုနှင့် မဟာမိတ် ပူးပေါင်းတပ် ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ပူး ပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article