31 C
Yangon

မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁၁ ဦး အပြင်းအထန် ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၁၅ ရက် နံနက် ၈ နာရီခန့်က မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို အ ကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံးသီး ၁ လုံးကျဲချပြီး ရော့ကတ်ဖြင့် ၈ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမျိုးသား ၆ ဦးနှင့် အမျိုး သမီး ၅ ဦး စုစုပေါင်း ၁၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လေယာဉ်က မန္တလေး တံတာဦးတက် ဂျက်ဖိုက်တာဗျ။ ဗုံးက ပေါင်၂၅၀ ဗုံး ၁ လုံး ရွာရဲ့ တောင်ဘက်မှာရှိတဲ့ တောစပ်အနီးကို ချတယ်။ ရွာထဲကို‌တော့ Rocket နဲ့ ၈ လုံး နေရာ ၈ နေရာကို ပစ်သွားတယ်။‌ မြေပဲလှမ်းဖို့ ပြင်ဆင်နေတဲ့ အမျိုးသမီးကတော့ ဗိုက်ပွင့်ထွက်သွားပြီး အသက် အန္တရာယ် စိုးရိမ်ရတယ်။ ကျန်တဲ့ဒဏ်ရာရတဲ့သူ‌ တွေကလည်း ခြေပြတ်၊လက်ပြတ် တွေလည်းပါ တယ်။‌” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ ညနေပိုင်းကလည်း မြောင်မြို့နယ်၊ ဇရပ်ကုန်း ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် အရပ် သား ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article