32 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရန်ကုန်မြို့မှာ ပျံကျစျေးတွေနဲ့ စည်းကမ်းမဲ့ဆိုင်တွေ ၊ လမ်းဘေးဝဲယာမှာ ခေါင်းရွက်ဗျက်ထိုးစျေး သည်တွေ မမြင်ချင်ဘူးဆိုတဲ့ မင်းအောင်လှိုင်ရဲ့အမိန့်ကြောင့် ယာယီစျေးတွေ၊ ပျံကျစျေးတွေနဲ့ လမ်းဘေးဝဲယာက ဆိုင်တွေကို ဒီရက်ပိုင်းအတွင်း စစ်တပ်နဲ့စည်ပင်က လိုက်လံဖျက်သိမ်းနေပါတယ်။
  • မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကို ရာနှုန်းပြည့်ကျင်းပနိုင်တော့မှာမဟုတ်ဘူးလို့ အကြမ်းဖက်မင်းအောင်လှိုင်က ဝန်ခံပြောဆိုလိုက်ပါတယ်။
  • မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို ၃ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ်ဘက်က ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၂ ဦး သေဆုံးခဲ့တယ်လို့ Mon State Revolutionary Force – MSRF မှ ပြောရေး ဆိုခွင့်ရှိသူ မိတလဉာဏ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်တပ်ကို သိက္ခာကျစေမှုနဲ့ သမီးဆိုး (ခ) သက်ကိုကို ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ ထပ်မံအမှုဖွင့်လိုက်ပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ကိုပါ တစ်ပါတည်း အမှုရင်ဆိုင်ရမယ်ဆိုတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article