စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆည်တည်းရွာသား ၂ ဦးကို အကြမ်းဖက်စစ်တပ်စစ်ကြောင်း က ဖမ်းဆီးပြီး ဓားဖြင့်မွှန်း၍ သတ်ဖြတ်ခဲ့ကြောင်း ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၁၈ ရက်နေ့ ဆည်းလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ကျေးရွာများအတွင်း စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည် သူများ၏ နေအိမ်အတွင်းမှ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများကို ဖောက် ထွင်းခိုးယူခြင်း၊ ပြည်သူများကို ဓားစာခံဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ထို့သို့ မြေပြင် စစ် ကြောင်းနှင့်အတူ အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တက်လာသည့် ပါရာမိုတာဖြင့်လည်း ကျေးရွာများအတွင်းသို့ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဆည်တည်းရွာ ဘုန်းကြီးကျောင်းအတွင်းရှိ နိဗ္ဗာန်ယာဉ်နှင့် ယာဉ် ဂိုဒေါင် မီးလောင်ခဲ့ပြီး မီးငြှိမ်းသတ်ရန်ထွက်လာသည့် ရွာသူရွာသားများကို စစ်သားများက ဖမ်းဆီးပြီး ရိုက်နှက်ခဲ့ရာ အပြင်းအထန်ဒဏ်ရာရှိသူများလည်း ရှိကြောင်း၊ ထို့အပြင် ဆည်တည်းရွာသား ၂ ဦးကို လည်းဖမ်းဆီးပြီး ဓားဖြင့် မွှန်း၍ သတ်ဖြတ်ခဲ့ရာ ၂ ဦး စလုံးသေဆုံးသွားကြောင်း သိရသည်။
“ဗုံးကျဲလို့ကားထားတဲ့ဂိုဒေါင်နဲ့ ကားမီးလောင်နေလို့ဆိုပြီး ရွာသူရွာသားတွေက ထွက်ပြီး မီးငြှိမ်း ကြတာ။ မီးငြှိမ်းဖို့ထွက်လာတဲ့ ရွာသားတွေကို စခတွေက ဖမ်းပြီးရိုက်တယ်။ ရိုက်ပြီး ပြန်လွှတ်လိုက် တဲ့လူတွေလည်း ဒဏ်ရာတွေရထားတယ်။ ဓါးစာခံအဖြစ် ဆည်တည်းရွာသား ၂ ယောက်ကို ခေါ်သွား တယ်။ အဲဒီ ၂ ယောက်လုံးကို ဓါးတွေနဲ့မွှန်း ပြီးသက်တာ ၁ ယောက် က ရွာမှာတင်သေသွားတာ။ နောက် ၁ ယောက်က အခုမနက်မှ သေသွားတာ။ ဓါးစာခံဖမ်းခံရတဲ့ ၂ ယောက်သေတယ် ၂ ယောက် စလုံး မနေ့က သင်္ဂြိုလ် လိုက်တယ်” ဟု PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ အကြမ်းဖက်စစ်တပ်စစ်ကြောင်းတွင် စစ်တပ်ဝတ်စုံ၊ ရဲ ဝတ်စုံဝတ်သူများအပြင် အရပ်ဝတ် ဘောင်းဘီ တိုဝတ်ဆင်သူများလည်း ပါဝင်ပြီး ပြည်သူ လူထုနှင့်တော်လှန်ရေးတပ်ဖွဲ့များကို လှည့်စားရန် ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကြောင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဆည်တည်း ကျေးရွာ၊ ဝက်မှေး ကျေးရွာ၊ ဖောင်းကထာကျေးရွာ၊ မိုးကြိုးပြင်ကျေးရွာ၊ ထန်းတောကြီးကျေးရွာ၊ တုန်းတောကျေးရွာ၊ တုံရွာ ၃ ရွာ၊ ဘင်္ဂါးကျေးရွာ၊ လယ်တီကျေးရွာအုပ်စုတို့ အတွင်းရှိ ပြည်သူ ထောင်ချီ၍ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
“အခုလက်ရှိ စစ်ကြောင်းအထိုးခံ ရတာ ပိုက်ဆံတွေကော ဖုန်းတွေ ကော ၊ ရွှေတွေကော ပါသွား တာ၊ အခုက ထွက်ပြေး နေရကြတာ၊ ဖောင်းကထာတို့ မိုးကြိုးပြင်တုန်းတို့ ထန်တောကြီးပေါ့။ တုံက ၃ ရွာရှိတာ ထန်းတောကြီးတွေကော ဘာတွေကော အစုံပါပဲ။ ရှိသမျှ ထွက်ပြေးနေကြတာ၊ ကျူပ်တို့ ရွာကောပေါ့။ ရွာကတော့ မနက်က တုန်းက တစ်မနက်လုံး ပြေးနေကြရတာ၊ တစ်မနက်လုံးပြေးနေ ကြရတာ တုန်းတောကျောင်းတို့ တုန်ရွာမတို့ ဖောင်းကထာ ပြီးတော့ ဘင်္ဂါး ၊ လယ်တီ အဲဒီ အုပ်စု တွေ တစ်ကြောကြီးပဲ ပြေးနေကြရတာ၊ လူဦးရေ က မနည်းဘူး၊လူဦးရေ ၁၀၀၀ ကျော်တယ်” ဟု PDF သတင်းရင်းမြစ်က ရှင်းပြသည်။
ဓာတ်ပုံ – ဆားလင်းကြီးတွင် စစ်တပ်က ပစ်ခတ်ထားသော မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်တစ်ခု။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




