24 C
Yangon

ပေါက်တောမြို့နယ်သို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၅ နှစ်အရွယ်ကလေးငယ် သေဆုံး၊ ရခိုင်တွင် စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ပြည်သူ ၉၇၀ ဦးသေဆုံးပြီး ဖမ်းဆီးခံထားရသူ ၁၀၀၀ ဦးရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၀

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်သို့ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၅ နှစ်အရွယ်ကလေးငယ် သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ် Arakan Princess Media နှင့် ပေါက်တောဒေသပြည်သူတချို့ထံမှ သိရှိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်အချိန် စစ်တွေမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပေါက်တောမြို့နယ်သို့ ပစ် ခတ်ခဲ့ရာ တောင်ညိုကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါပေါက်ကွဲမှုအတွင်း အသက် ၅ နှစ်အရွယ် မဇင်ချိုအိ သေဆုံးခဲ့ပြီး သေဆုံးသူ ကလေးငယ် ၏ ဖခင် အသက် ၃၀ နှစ်အရွယ် ဦးနေဇော်ထွန်းနှင့် အသက် ၆၆ နှစ်အရွယ် ဦးမောင်စိန်ဝင်းတို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။

“စစ်တွေကနေ ပေါက်တောဘက်ကို လက်နက်ကြီးတွေ ပစ်တာက မကြာခဏပါပဲ။ လေကြောင်းနဲ့ ကင်းထောက်တာတွေလည်းရှိတယ်။ အခု ပစ်တာကလည်း ကျေးရွာထဲကို ဦးတည်ပြီး ပစ်ခတ်တာပါ။ ရေရှည်တော့ ပြည်သူတွေမှာ ရှောင်ပြေးဖို့ခက်တော့ ရွာထဲမှာ ပြန်နေရင်း အခုလို သေဆုံးမှုဖြစ်တာ” ဟု ပေါက်တောမြို့နယ်တွင် စစ်ဘေးရှောင်များကို ကူညီပေးနေသူ ပရဟိတရခိုင်လူငယ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ပြည်သူ ၉၇၀ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၂၀၅၄ ဦးရှိကြောင်း၊ စစ်တပ်၏ ဖမ်းဆီးခံရသူ ၁၀၀၀ ဦးရှိကြောင်း ရခိုင်ဒေသ လူသားချင်းစာနာထောက်ထားရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က အောက်တိုဘာလ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ထိုသို့ စစ်တပ်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူများတွင် ၄၄၃ ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်​ သေဆုံးခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ ၁၀၁၅ ဦးမှာလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိကြောင်း ၊ သေဆုံးသူများအတွက် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၃၇၅ ဦး ပါဝင်ကြောင်း၊ သေဆုံးသူများတွင် အများစု ရခိုင်တိုင်းရင်းသားများဖြစ်ပြီး မွတ်စလင်များ၊ မရမာကြီး၊ ဟိန္ဒူ၊ ခမီနှင့် သက်လူမျိုးများလည်းပါဝင်ကြောင်း သိရှိရသည်။

Photo – APM။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article