24 C
Yangon

လောင်းလုံးမြို့ပေါ်တွင် စစ်တပ်က အင်အားဖြည့်တင်းပြီး ရွေးကောက်ပွဲသို့ မဲလာထည့်ကြရန် ပြည်သူများကို နေအိမ်များအထိ လိုက်ခြိမ်းခြောက်နေ၊ တော်လှန်ရေးတပ်များ သိမ်းပိုက်ဖျက်ဆီးခဲ့သော မောင်းမကန်ရဲစခန်းကိုလည်း ပြန်ဆောက်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က အင်အားဖြည့်တင်းပြီး ရွေးကောက်ပွဲနေ့ ဆန္ဒမဲလာထည့်ကြရန် ပြည်သူများကို နေအိမ်များအထိ လိုက်လံ ခြိမ်းခြောက်နေကြောင်း ဒေသပြည်သူများနှင့် ဒေသတွင်း စစ်ရေးသတင်ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်အချိန်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောပေါ်၌ လိုက်ပါလာသော အင်အား ၁၀၀ ကျော်ပါ စစ်တပ် စစ်ကြောင်းက လောင်းလုံးမြို့နယ်၊ ကရင်ကြီးရွာမှ လောင်းလုံးမြို့ပေါ်သို့ လာရောက် အင်အားဖြည့်တင်းနေကြောင်း၊ ထိုစစ်တပ် စစ်ကြောင်းတွင် အင်အား ၉၀ ကျော်ပါဝင်ပြီး လက်ရှိအချိန်တွင် လောင်းလုံးမြို့ပေါ်ရှိ ပြည်သူပိုင်နေအိမ်များကို သွားရောက်ကာ ရွေးကောက်ပွဲ၌ မဲလာထည့်ကြရန် လိုက်လံ ခြိမ်းခြောက်ကြောင်း၊ ယင်းနောက် နေအိမ်ရှိ လူစာရင်းများကို ကောက်ခံသွားကြောင်း သိရှိရသည်။

“စစ်ခွေးတွေက လောင်းလုံးမြို့ပေါ်မှာ ရွေးကောက်ပွဲလုပ်ရင် ပြည်သူတွေ မဲလာထည့်ကြဖို့ အိမ်တိုင်းရာရောက်ကို လိုက်လံ ခြိမ်းခြောက်နေတာ။ နောက်ပြီး အိမ်ရှိ လူအကုန်လုံးရဲ့ စာရင်းတွေလည်း ကောက်သွားတယ်။ လောင်းလုံးမြို့ပေါ်မှာက ပြည်သူတွေက စစ်ဘေးတိမ်းရှောင်နေရတာများတယ်။ ကျန်နေတဲ့ ပြည်သူတွေကို လိုက်ခြိမ်းခြောက်နေတာ မဲလာထည့်ဖို့အတွက်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် အောက်တိုဘာလ ၂၆ ရက်နေ့က တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက် ရှင်းလင်းခဲ့သော မောင်းမကန်ရဲစခန်းကိုလည်း အကြမ်းဖက် စစ်တပ်က ပြန်လည် ဆောက်လုပ်ရန်အတွက် အင်အား ၁၈၀ ခန့်ဖြင့် မောင်းမကန်ရဲစခန်းအတွင်း ဝင်ရောက် တပ်စွဲထားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က မောင်းမကန်ရဲစခန်းပြန်လည် တည်ဆောက်နိုင်ရန် စစ်သင်္ဘောများပေါ်၌ တင်ဆောက်လာသော ဘိ လပ်မြေများ၊ ကျောက်များကို ရဲစခန်းအတွင်းသို့ ပို့ဆောင်နေပြီး စခန်းအနီးအနားကိုလည်း ကင်းပုန်းများ ချထားကာ ဆောက် လုပ်ရေး လုပ်ငန်းများ စတင်လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ဒီကောင်တွေက ရဲစခန်းကို ပြန်ဆောက်ဖို့အတွက် အနီးအနားက ရွာတွေကို စစ်ကြောင်းထိုးပြီး အခု ရဲစခန်းထဲမှာ အင်အား ၁၈၀ လောက်နဲ့ အထိုင်ချထားတယ်။ ဘိလပ်မြေတွေ ကျောက်တွေကိုလည်း မောင်းမကန်ရဲစခန်းထဲကို ပို့ဆောင်နေတယ်။ ရဲစခန်းက တော်လှန်ရေး တပ်ဖွဲ့တွေ မီးရှို့ရှင်းလင်းလိုက်လို့ ပြာကျသွားပြီလေ အဲတာကို ရွေးကောက်ပွဲအမှီ ပြန်ဆောက်မယ်ထင်တယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ကပြောဆိုသည်။

တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်ရှိ မောင်းမကန်ရဲစခန်းကို အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးကာ ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက်မျိုးစုံ ၂၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article