27 C
Yangon

မြဝတီမြို့နယ်၊ မင်းလက်ပံရွာတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံရွာတွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မင်းလက်ပံရွာကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီး မီးခိုးလုံးများထွက်လာသည်ကို ထိုင်း-မြန်မာ နယ်စပ်မှ တွေ့မြင်နေရကြောင်း သိရသည်။

ထို့ပြင် မင်းလက်ပံရွာထိပ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ် ကြောင်း ထိုးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“မင်းလက်ပံရွာကို ဒီနေ့ မွန်းလွဲပိုင်းမှာ လေကြောင်းနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ လေယာဉ်လား။ စက်တပ်လေထီးလား ဘာနဲ့ ကျဲလဲဆိုတာတော့ မသိဘူး။ မင်းလက်ပံရွာထဲကနေ မီးခိုးလုံးတွေ ထွက်လာတာကို ထိုင်းဘက်ခြိမ်းကနေ မြင်နေရတယ်။ တိုက်ပွဲကလည်း မင်းလက်ပံရွာထိပ်မှာ ဖြစ်နေတယ်လို့ သိရတယ်” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ အောက်တိုဘာလ ၂၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က မြဝတီမြို့နယ်၊ မင်းလက်ပံရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် အသက် ၃၂ နှစ်အရွယ် မိခင်ဖြစ်သူတို့ ပွဲ ချင်းပြီး သေ ဆုံးခဲ့ကြောင်း သိရှိရသည်။

Photo Credit – Paul Ygnc ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article