25 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရန်ကုန်တိုင်းက ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေမှာ CDM ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်မခန့်ဖို့ အမိန့်ထုတ်တဲ့ ဒေါက်တာနန္ဒာဝင်းမှာ ယုတ်မာရက်စက်တဲ့ စိတ်ဓာတ်နဲ့ ရပ်တည်ချက်ရှိနေတာကြောင့် ပြည်သူ့ဂုဏ်ရည်ဆုနဲ့ မထိုက်တန်သူအဖြစ် ရှုတ်ချတယ်လို့ အမေရိကန်အခြေစိုက် ပြည်သူ့ဂုဏ်ရည် အသင်းရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။
  • ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မီးပုံးပျံပွဲမှာ ကြံ့ဖွတ်ပါတီက မီးပုံးပျံလွှင့်တင်စဉ် ရုတ်တရက် မိုးရွာလာပြီး မီးပုံးပျံ မီးလောင်ကာ ပျက်ကျခဲ့ပြီး လူတိုးဝှေ့ကြတာကြောင့် လူပိကာ ၂ ဦး ထက်မနည်း သေဆုံး ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက်စစ်တပ်လက်အောက်ခံ တိုင်းစစ်ဌာနချုပ်တွေအားလုံး နိုဝင်ဘာလ ၂ ရက်နေ့က ဘုံကထိန် လှည့်လည်ရာမှာ ဒရုန်းနဲ့ ဗုံးကျဲမှာကို စိုးရိမ်တာကြောင့် Jammer တွေ ကားပေါ်တင်ပြီး လှည့်လည်ကြ တယ်လို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တို့ရဲ့ ထုတ်ပြန်ချက်နဲ့ ဘုံကထိန်လှည့်လည်မှုကို သွားကြည့်ခဲ့သူတွေရဲ့ ပြောဆိုချက်အရ သိရှိရပါတယ်။
  • မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်ကြောင်ထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က ပြည်သူပိုင်နေအိမ်အတွင်း ကြက်ဝင်ဖမ်းတဲ့ စစ်သား ၃ ဦးကို အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article