30 C
Yangon

ဗန်းမောက်မြို့နယ်တွင် စစ်ဘေးရှောင် ကျန်းမာရေးမကောင်းမွန်သော မသန်စွမ်း အမျိုးသမီးငယ်တစ်ဦးကို စစ်တပ်လက် အောက်ခံ ရှမ်းနီSNA တပ်သားက မုဒိမ်းပြုကျင့်

Must read

ရန်ကုန် ၊ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် ရှမ်းနီ အမျိုးသားများတပ်မတော် (SNA) တပ်သား တစ်ဦးက စစ်ဘေးရှောင် ကျန်းမာရေးမကောင်း မွန်သော မသန်စွမ်းအမျိုးသမီးငယ် ၁ ဦးကို အတင်းအဓမ္မ ခေါ်ဆောင် မုဒိမ်းပြုကျင့်ခဲ့ကြောင်း ကျူးလွန်ခံရသူ၏ မိသားစုဝင်များက ပြောကြားသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ ၊ ည ၉ နာရီ အချိန်၌ ဗန်းမောက် မြို့နယ် ၊​ အလယ်ရွာ သီလရှင် ကျောင်းတစ်ခုတွင် မိခင်ဖြစ်သူနှင့် အတူ နေထိုင်နေသည့် ကဒူးမျိုးနွယ်စု အမျိုးသမီးငယ်တစ်ဦးကို စစ်တပ်လက်အောက်ခံ SNA တပ်သား ၂ ဦးက ဖမ်းဆီးခေါ်ဆောင်သွားပြီး SNA တပ်သား ၁ ဦးက အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ခဲ့ကြောင်း၊ မုဒိမ်းပြုကျင့်ခံရသော အမျိုးသမီးငယ်၏ မိသားစုမှာ အများသူငှာများကဲ့သို့ စစ်ဘေးရှောင် ပြေးနိုင်ခြင်းမရှိဘဲ ကျန်းမာရေးမကောင်း၍ မယ်သီလရှင်ကျောင်းတွင် သွားရောက်ခိုလှုံနေခြင်းဖြစ်ကြောင်း သိရှိရသည်။

” SNA တပ်သား ၂ ဦးက သူ့သမီးကိုခေါ်သွားမယ်ဆိုတော့ အမေဖြစ်သူက မခေါ်ပါနဲ့ ငါ့သမီးက ကျန်းမာရေးလည်း မကောင်းဘူး။ အတက်ရောဂါလည်းရှိတယ်။မခေါ်သွားနဲ့ဆိုပြီးတောင်းပန်တယ်။ တောင်းပန်တဲ့ဟာကိုမရဘဲ လက်မောင်းကိုအတင်းဆွဲခေါ်သွားတယ်” ဟု ထိုအမျိုးသမီး မိခင်၏ ပြောဆိုချက်ကို ကိုးကား၍ ကူညီပေးနေသူတစ်ဦးက ရှင်းပြသည်။

ပြုကျင့်ခံရသော အမျိုးသမီးငယ်၏ ပြောပြချက်အရ SNA တပ်သားက သီလရှင်ကျောင်းအနီးရှိ နေအိမ်တစ်လုံးသို့ ခေါ်ဆောင်ပြီး မျက်လုံးကိုအဝတ်ဖြင့်စည်းကာ လက်ကို ကြိုးဖြင့်တုပ်၍​အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း သိရှိရသည်။

SNA ရဲဘော်က အမျိုသမီးကို ဖမ်းဆီးခေါ်ဆောင် အဓမ္မပြုကျင့်ပြီးနောက် ည ၉ နာရီ မိနစ် ၃၀ အချိန်တွင် သီလရှင်ကျောင်းသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ၊အဓမ္မပြုကျင့်သူသည် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ၏ တပ်သားတစ်ဦးဖြစ်ကာ အသက် ၃၀ အရွယ်ရှိကြောင်း သိရှိရသည်။

ဗန်းမောက်မြို့နယ်ဒေသသတင်းရင်းမြစ်ကမူ SNA တပ်သား၏ မုဒိမ်းပြုကျင့်ခံရသော အမျိုးသမီးမှာ အသက် ၃၄ နှစ်အရွယ်ရှိပြီး ပိုလီယိုရောဂါကြောင့် ကိုယ်လက်မသန်စွမ်းသူတစ်ဦးဖြစ်ကြောင်း၊ ကျူးလွန်ခံရသူ ကာယကံရှင်များဘက်မှ ခိုင်မာသည့် သက်သေအထောက်အထားများ ရရှိထားကြောင်း ပြောဆိုသည်။

ဗန်းမောက်မြို့နယ် ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၏ တပ်မဟာ ၆၁၄ အခြေစိုက်ရာ ဒေသဖြစ်ပြီး အင်းတော်မြို့သိမ်းတိုက်ပွဲကာလ ဂျပန်လိုဏ်ဂူအတွင်း စစ်တပ်က ခံစစ်ယူထားသည့်အချိန်ကလည်း ဒေသခံများကို ဖမ်းဆီးထားပြီး အမျိုးသမီးများကို အဓမ္မပြုကျင့်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article