27 C
Yangon

ဝက်လက်မြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးနေမှုကြောင့် ကျေးရွာပေါင်း ၂၁ ရွာမှ ပြည်သူ ၂ သောင်းနီးပါး စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေမှုကြောင့် ကျေးရွာပေါင်း ၂၁ ရွာမှ ပြည်သူ နှစ်သောင်းနီးပါး စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေကြောင်း ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ဝက်လက်မြို့နယ်အတွင်း အောက်တိုဘာလကုန်မှ စ၍ ပြည်သူအများအပြား စစ်ဘေးရှောင်နေကြရခြင်းဖြစ်ကြောင်း၊ အောက်တိုဘာလလယ်ပိုင်းမှစတင်၍ စစ်တပ်က စစ်ကြောင်းများခွဲ၍ ဝက်လက်မြို့နယ်အတွင်းသို့ အပြင်းအထန် ထိုးစစ်ဆင်လာကြောင်း သိရှိရသည်။

“စစ်ကြောင်းတွေကတော့ အခုချိန်အထိ ထိုးနေဆဲပါဗျ။ ပြည်သူတွေကတော့ ဘေးလွတ်ရာ ဘုန်းကြီးကျောင်းတွေ ဘေးလွတ်ရာ နေရာတွေမာ ရှောင်တိမ်းနေရပါတယ်ဗျ။ စား၀တ်နေရေး အခက်အခဲ အပြင် ကျန်းမာရေးစောင့်ရှောက်မှုလိုမျိုးအရာတွေလည်း လိုအပ်နေပါတယ်ဗျ” ဟု ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

လတ်တလောတွင် အရေးပေါ် စားနပ်ရိက္ခာ လိုအပ်ချက်အဖြစ် ဆန်နှင့် ဆီ အဓိက လိုအပ်နေခြင်းဖြစ်ကြောင်း ၊ စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးလို့ပါက ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနှင့် ချိတ်ဆက်လုပ်ဆောင်နိုင်ကြောင်း ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။

စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးလိုပါက https://web.facebook.com/Wetletrevolution.committee ပေ့ချ်မှ တစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

လက်ရှိဝက်လက်မြို့နယ် အတွင်း စစ်တပ်က စစ်ကြောင်းထိုးနေမှုကြောင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တမာကုန်းရွာ၊ ရွာတော်ကုန်းရွာ၊ တံတားဦးရွာ၊ ထုံးဘိုရွာ ၊ ထုံဘိုရွာ အရှေ့ဘက် တံတားညီနောင်အနီးရှိ နေအိမ်များနှင့် မြင်တော်ရွာတို့ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဝက်လက်မြို့နယ် အနောက်ခြမ်းရှိ ရွာသာကြီး ၊ ထုံးဘို ၊တံတားဦး ၊ တမာကုန်း ၊ ရွာတော်ကုန်း ၊ ဥတည်ကုန်း ၊ အုပ်ဖိုကုန်း ၊ ကျီးကန် တောင်ရွာ မြောက်ရွာ ၊ လှတော ၊ လှည်းဦးကြီးကုန်း ၊ နှမ်းကြီးကုန်း ၊ ရွှေဒါး ၊ရင်းမတော ၊ ကက္ကိုလ်စု ၊ ငှက်ပြောတော ၊တကောင်းတောင် ၊ ကဒူး စသည့် ကျေးရွာများမှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article