24 C
Yangon

KIO/KIA နှင့် အကြမ်းဖက်စစ်တပ်အကြား အပစ်ရပ်ရေး ဆွေးနွေးရန်ရှိနေသည်ဆိုသော သတင်းများကို ဗိုလ်မှူးကြီးနော်ဘူ ငြင်းဆို

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ကချင်ပြည်နယ်တွင် မြို့နယ်အများစုကို တိုက်ခိုက်သိမ်းပိုက်လျက်ရှိသော KIO/KIA နှင့် အကြမ်းဖက်စစ်တပ်အကြား အပစ်ရပ်ရေး ဆွေးနွေးရန်ရှိနေသည်ဆိုသော သတင်းများကို KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ငြင်းဆိုလိုက်သည်။

ယမန်နေ့ ရန်ကုန်ခေတ်သစ်သတင်းဌာနက KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို သီးသန့် ဆက်သွယ်မေးမြန်းစဉ် ဗိုလ်မှူးကြီးနော်ဘူက ယင်းကဲသို့ ဖြေဆိုခြင်းဖြစ်သည်။

အကြမ်းဖက် စစ်တပ်လော်ဘီများနှင့် စစ်တပ်အသိုင်းအ၀ိုင်းက အောက်တို ဘာလ လနှောင်းပိုင်းမှစတင်၍ KIO/KIA နှင့် အကြမ်းဖက်စစ်တပ်တို့အကြား အပစ်ရပ်ရေး တရုတ်နိုင်ငံ၏ ကမကထပြုမှုဖြင့် တွေ့ဆုံဆွေးနွေးရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ နေရာကို ရွေးချယ်နေပြီဖြစ်ကြောင်း အစရှိသော သတင်းများကို တယ်လီဂရမ်ချန်နယ်များ၊ လူမှုကွန်ရက်များမှတစ် ဆင့် အလုံးအရင်းဖြင့် တစ်ချိန်တည်း တစ်ပြိုင်နက်တည်း အကြီးအကျယ် ထုတ်လွှင့်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ သတင်းများနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဗိုလ်မှူးကြီး နော်ဘူကို မေးမြန်းရာ ၎င်းက “ကျနော်အနေနဲ့ အထွေအထူးပြောစရာမရှိပါဘူး။ ကျနော်တို့ ဗဟိုကော်မတီကလည်း ဆွေးနွေးပွဲ ဆိုတာနဲ့ပတ်သက်လို့ ညွှန်ကြားတာလည်းမရှိပါဘူး။ တွေ့ဆုံ ဆွေးနွေးဖို့ လုပ်နေတယ် လို့ ကျနော်ကြားလည်း မကြားပါဘူး” ဟု ပြန်လည်ဖြေဆိုသည်။

လက်ရှိတွင် KIA နှင့် စစ်တပ်အကြား ဗန်းမော်မြို့နယ်၊ ဖားကန့်မြို့နယ် အပါ အဝင် ကချင်ပြည်နယ်အတွင်း မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး အထူးသဖြင့် ဗန်းမော်တိုက်ပွဲမှာလည်း နေ့စဉ် ဖြစ်ပွားလျက်ရှိနေဆဲဖြစ် ကြောင်း KIA သတင်းရင်းမြစ်များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article