ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စနေကုန်းကျေးရွာသူ အသက် ၁၈ နှစ်အရွယ် နော်ထီးထာဖောကို အကြမ်းဖက် စစ်တပ်က အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ဓားဖြင့် မသေမချင်း ထိုးသတ်သွားခဲ့ကြောင်း KNLA တပ်မဟာ ၂ တပ်ရင်း ၅ Thawthikho မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် သံတောင်ကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ဘုရင့်နောင် သင်တန်းကျောင်းမှ စစ်သားများနှင့် ၁၂၄ တပ်ရင်းမှ စစ်သားများ ပူးပေါင်းထားသော စစ်ကြောင်းသည် တောင်ငူ မှ သံတောင်ကြီးသို့ စစ်ကြောင်းထိုးလာစဉ် စနေကုန်းကျေးရွာအတွင်းကို ဝင်ရောက် ကင်းချကာ ညအိပ်ရန် ယာယီတပ်စွဲခဲ့ကြောင်း သိရသည်။
ထို့နောက် အကြမ်းဖက် စစ်သားများသည် စနေကုန်းကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို ဝင်ရောက်စီးနင်းစဉ် နေအိမ်အတွင်းရှိနေသည့် အသက် ၁ နှစ် ၂ လ အရွယ်ကလေးငယ်၏ မိခင်ဖြစ်သူ အသက် ၁၈ နှစ်အရွယ် နော်ထီးထာဖော (ခ) နော်ငဲငယ် ကို စစ်သား ၃ ဦးက အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ရင်အုံနှင့် လည်ပင်းတို့ကို ဓားဖြင့် ၆ ချက်ထက်မနည်း မသေမချင်း ရက်ရက်စက်စက် ထိုးသတ်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များမှ လက်ဝတ်လက်စားများ၊ ငွေကြေးများ၊ တန်ဖိုးရှိပစ္စည်းများကိုလည်း ခိုးယူလုယက်သွားကြောင်း၊ ပြည်သူများ၏ အိမ်မွေး တရိစ္ဆာန်များကိုလည်း သတ်ဖြတ်စားသောက်ကာ ကျေးရွာဘုရားကျောင်း ရန်ပုံငွေများကိုလည်း အရက်ဝယ်သောက်သွားကြောင်း သိရသည်။
“အဲစစ်ခွေး စစ်ကြောင်းက တောင်ငူကနေ သံတောင်ကြီးကို စစ်ကြောင်းထိုးတာ စနေကုန်းကျေးရွာ အတွင်းမှာ ညအိပ်တပ်စွဲတုန်း အသက် ၁၈ နှစ်အရွယ် နော်ထီးထာဖောကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ဓားနဲ့ မသေမချင်း ရက်ရက် စက်စက် ထိုးသတ်သွားတာ ရွာထဲကိုလည်း ဝင်မွှေပြီး သူတို့ စိတ်ကြိုက် အကုန်ခိုးယူသွားတယ်။ ဒီမကောင်းဆိုးဝါးထက် ဆိုးတဲ့ကောင်တွေကို ပြောစရာစကားမရှိတော့ပါဘူး” ဟု KNLA တပ်မဟာ ၂ တပ်ရင်း ၅ Thawthikho မှတာဝန်ရှိသူက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




