ဒီကနေ့ နိုဝင်ဘာ ၁၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ထိုင်း-မြန်မာနယ်စပ်က မောတောင်မြို့ ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ဒီကနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းမှာပဲ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မြို့ပေါ်မှာ ကျန်နေတဲ့ စစ်တပ်ဘက်က စစ်သားတွေအားလုံး အလံဖြုထောင်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားကြပြီလို့ တော်လှန်ရေး သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- လားရှိုးမြို့ပြင်မှာရှိတဲ့ MNDAA တပ်တွေကို အကြမ်းဖက် စစ်တပ်က ထပ်ပြီး ဆုတ်ခွာခိုင်းနေတဲ့ သတင်းတွေ ထွက်လာပြီးနောက် ၂ ဖက် စစ်ရေးတင်းမာလာပြီး လားရှို့မြို့ဝင်ပေါက်နဲ့ လမ်းတွေကို ၂ ဖက်စလုံးက ပိတ်ပင်ထားလိုက်ပြီလို့ ဒေသခံပြည်သူတွေလည်းပြောထားသလို စစ်ရေးသတင်းရင်းမြစ်ကလည်း ပြောထားပါတယ်။
- ကချင်ပြည်နယ်မှာ KIA ထိန်းချုပ်ထားတဲ့ တရုတ်နယ်စပ်မြို့တွေက နယ်စပ်ဂိတ်တွေကို တရုတ်နိုင်ငံဘက်က ပိတ်ထားရာကနေ အခုတော့ ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီး ၊ အဲ့ဒီ့လို ဖွင့်လှစ်လိုက်မှုဟာ တရုတ်နဲ့KIA အကြား တစ်စုံတစ်ရာ ညှိနှိုင်းမှု မရှိပဲ တရုတ်ဘက်က သူ့ဟာသူ ပြန်ဖွင့်တာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




