ဒီကနေ့ နိုဝင်ဘာ ၁၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် မဲပေးရေး လှုပ်ရှားမှုတွေမှာ အတင်းအကျပ် ဖိအားပေး ဆင့်ခေါ်ခံရပြီး ပါဝင်ရတဲ့ အဆိုတော်တွေနဲ့ အနုပညာရှင်တွေကို ဆန္ဒအလျောက် တက်ကြွစွာ ပါဝင်သူတွေဆိုပြီး စစ်တပ်လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဆိုသူ မောင်မောင်အုန်းက စတင်သုံးနှုန်းပြောဆိုလာပြန်ပါတယ်။
- ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ မိုင်းပျဉ်မြို့နယ်က အကြမ်းဖက် စစ်တပ်ရဲ့ ခမရ ၅၂၈ က ဗိုလ်ကြီး ဖြိုးကိုကိုကျော် နဲ့ သူ့ရဲ့ မိန်းမ နဒီမြဝင်း ဆိုသူတို့က အွန်လိုင်းငွေစုတယ်ဆိုပြီး ရှယ်ယာထည့်တဲ့သူတွေခေါ်ယူပြီးတော့ ငွေကျပ် သိန်းပေါင်း ၃ ထောင် လိမ်လည်သွားပြီး ငွေပြန်တောင်းတဲ့သူတွေကို ဖမ်းဆီးသတ်ဖြတ်မယ်ဆိုပြီးတော့ပါ ခြိမ်းခြောက်နေတယ်လို့ လိမ်လည်ခံရသူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးအကြောင်းကို စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲအတုကြီးအတွက် မဲဆွယ်စည်းရုံးမှုမှာ ထည့်ပြောလိုက်တဲ့ ပြည်သူ့ပါတီရဲ့ သဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို စစ်တပ်နဲ့ ရွေးကောက်ပွဲကော်မရှင်က အရေးယူမယ်ဆိုတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




