တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းတွင် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေ၍ လမ်းပိုင်းများ ပိတ်ဆို့နေကာ စစ်တပ်က ပလောက်မြို့ သိမ်းပိုက်ခံရမည်ကို ကြောက်လန့်ပြီး လက်နက်ကြီး၊ ဒရုန်းများဖြင့် နေ့စဉ် ပစ်ခတ်နေကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၇ ရက်နေ့က စတင်ပြီး အကြမ်းဖက် စစ်တပ်က မြိတ်-ထားဝယ် အမှတ် ၈ ပြည် ထောင်စုလမ်းပိုင်းကို ပြန်လည် ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားကာ လမ်းပိုင်းများ ပိတ်ဆိုနေခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် မြိတ်-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းရှိ မီးလောင်ချောင်းရွာ၊ မကျည်းကုန်းရွာ ၊ ဆင်ထိုးရွာ နှင့် ချောက်ချောင်းရွာတို့တွင် ကုန်ကားများနှင့် ခရီးသွားပြည်သူများ ပိတ်မိနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ပလောက်မြို့ကို တော်လှန်ရေး တပ်ဖွဲ့များ လာရောက် တိုက် ခိုက်မည်ကို စိုးရိမ်သောကြောင့် မြို့ပတ်ပတ်လည်တွင် စစ်ကြောင်းများ ဖြန့်ထားကာ လက် နက်ကြီး၊ ဒရုန်းများဖြင့် နေ့စဉ် ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“ပြည်ထောင်စု လမ်းပိုင်းမှာ တိုက်ပွဲကတော့ ခဏခဏ ဖြစ်နေတုန်းပေါ့။ ရှောင်တခင် ထပြီး ဖြစ်နေတဲ့ အခါကျတော့ တိုက်ပွဲက ထားဝယ်ဘက်မှာ ပိုပြီးတော့ ပြင်းထန်တာပေါ့။ ပုလောမှာကျတော့ နေ့တိုင်းနီးပါးပဲ သင်္ကန်းတောရွာထဲမှာ စစ်ခွေးတွေက ရှိတယ်။ သူတို့ရောက်တိုင်း နေရာတိုင်းမှာ အိမ်တွေ မီးရှို့ပြီးတော့ နေနေတာ အဲတာကို တော်လှန်ရေးဘက်က သွားပစ်တာလဲရှိတယ်။ စစ်ခွေးတွေက ဘက်က လာပစ်တာလဲရှိတယ်။ စစ်ခွေးတွေကလည်း ရှေ့တိုးမနိုင်လို့ လက်နက်ကြီးတွေနဲ့ထုတာနဲ့ ဒရုန်းနဲ့ ဗုံးကျဲတာနဲ့ အဲလိုမျိုးကို လုပ်နေတာ ပလောက်မြို့ပတ် ပတ်လည်မှာ ရမ်းနေတာပေါ့။ ပလောက်မြို့ သိမ်းခံရမှာကို ကြောက်လန့်နေကြတာ” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ထိုသို့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် မြိတ်-ပုလော-ပလောက်-သရက်ချောင်း-ထားဝယ် လမ်းပိုင်းတလျောက် ပိတ်ဆို့နေခြင်းဖြစ်ပြီး ပြည်သူများ အနေဖြင့် အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းကို ခရီးသွားခြင်းမပြုလုပ်ကြရန် တော်လှန်ရေး အင်အားစုများကလည်း အသိပေး ပြောဆိုထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




