33 C
Yangon

ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်က လမ်းပြခေါ်ဆောင်လာသူများ အပါအဝင် ပြည်သူ ၈ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ၂၀ ကျော်ကို ဖမ်းဆီးထား၊ ကျေးရွာများကိုလည်း စစ်ကြောင်း ၄ ကြောင်းဖြင့် စီးနင်းမီးရှို့နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၉

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က လမ်းပြခေါ်ဆောင်လာသူများ အပါအဝင် ပြည်သူ ၈ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ၂၀ ကျော်ကို ဖမ်းဆီးထားကာ ကျေးရွာများကိုလည်း စစ်ကြောင်း ၄ ကြောင်းဖြင့် စီးနင်းမီးရှို့နေကြောင်း ပေါက်မြို့နယ် လူသားစာနာဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့မှ စတင်ပြီး ပေါက်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၄ ကြောင်းခွဲပြီး စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၄၂ ရွာမှ ပြည်သူ ၃၅၀၀၀ ခန့် နီးစပ်ရာ တောတောင်များအတွင်း စစ်ဘေးတိမ်းရှောင်နေရကာ ပေါက် ကပစ ၂၄ လက်နက်စက်ရုံမှလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်များ အပြင် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများပါ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် တယ်ပင်ရွာမှ ပြည်သူပိုင် နေအိမ် ၆ လုံး ၊ ကားဂိုဒေါင်နှင့် စျေးဆိုင်ခန်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း ကျောက္ကာရွာမှ ကာလရှည် စစ်ဘေးရှောင်များ နေထိုင်သော တဲအလုံး ၃၀ ကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာချိန်မှ စ၍ လက်ရှိအချိန်ထိ လမ်းပြအဖြစ် ဖမ်းဆီးလာသော ပြည်သူ ၂ ဦး အပါအဝင် ကျေးရွာများအတွင်းမှ ပြည်သူ ၈ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ပြည်သူ ၂၀ ကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“လက်ရှိ အချိန်ထိ စစ်ခွေးနဲ့ ပျူခွေးတွေ ပူးပေါင်းပြီး သတ်ဖြတ်ထားတာ အမျိုးသမီး ၂ ဦး အပါအဝင် ၈ ဦးထိ ရှိနေပါပြီ လမ်းပြခေါ်ပြီးသတ်တာက ပြည်သူ ၂ ဦးနဲ့ ကျန်တဲ့ ပြည်သူ ၆ ဦးက သူတို့ ကျေးရွာတွေကို ဝင်ရောက် စီးနင်းရင်း တွေ့လို့ သတ်ဖြတ်ခဲ့တာ နောက်ပြီး ပျူစောထီးရွာတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာက ပြည်သူ ၂၀ ဦးထိ ရှိနေပါတယ်” ဟု ပေါက်မြို့နယ် လူသားစာနာဌာနမှ တာဝန်ရှိသူက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article