ရန်ကုန်၊ နိုဝင်ဘာ ၁၉
ယနေ့ NUG က ထုတ်ပြန်လိုက်သည့် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ် ၁၉/၂၀၂၅တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်များက ရာဇဝတ်လုပ်ငန်းများကို အာဏာ သိမ်းစစ်တပ်၏ အကာအကွယ်ဖြင့် ပြန်လည်လုပ်ကိုင်ခဲ့ကြောင်း၊ ထို့ကြောင့် လက်ရှိ အကျပ် အတည်းများ၏ အဓိက တရားခံမှာ အကြမ်း ဖက်စစ်တပ်သာဖြစ်ကြောင်း၊ နိုင်ငံတကာက ဆိုက်ဘာလိမ်လည်မှုများကို နှိမ်နင်းရန် ကြိုးစားလာသောကြောင့် စစ်တပ်က KK Park ကဲ့သို့ သော ငွေကြေးလိမ်လည်မှု စင်တာများကို အယောင်ပြ ဖြိုခွင်းပြပြီး ကရင်ပြည်နယ်၏ အခြားနေရာ ၂ ခုသို့ ပြောင်းရွှေ့ကာ ငွေကြေးလိမ်လည် စင်တာများပြန်လည် လည်ပတ်နိုင်ရန် စီစဉ်နေမှုကို NUG က အထူးသတိထားစောင့်ကြည့်လျက်ရှိကြောင်း ဦးနေဘုန်းလတ်က ဆိုသည်။
ယင်းအပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အမေရိကန် အပါအဝင် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေကြောင်း၊ NUG အနေဖြင့်လည်း ဆိုက်ဘာလိမ်လည်မှု ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတကာကို ဖိတ်ခေါ်လိုကြောင်း ၎င်းက ဆိုသည်။
“ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့က မြန်မာပြည်တွင်းနဲ့ ပြည်ပရှိ လိမ်လည်ဂိုဏ်းခေါင်းဆောင်တွေကို ဖမ်းဆီးတရားစွဲဆိုရန် လုပ်ဆောင်တာ၊ အမေရိကန်နိုင်ငံက United States Scam Center Strike Force ဖွဲ့စည်းပြီး ဆိုက်ဘာလိမ်လည်မှုလုပ်ငန်း တွေကို နှိမ်နှင်းဖို့ ဆောင်ရွက်တာ၊ ရာဇ၀တ်အဖွဲ့အစည်းတွေကို စီးပွါးရေးဆိုင်ရာ ပိတ်ဆို့အရေးယူတာ၊ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့အတွက် ဘဏ္ဍာရေးဌာနက ကြေညာခဲ့တာစတဲ့ လုပ်ဆောင်မှုတွေအပါအဝင် အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေ နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ အားလုံးရဲ့ ကြိုးပမ်းလုပ်ဆောင်မှုတွေကို ကျေးဇူးတင် အသိအမှတ်ပြုပါတယ်။ ဒီလုပ်ဆောင်မှုတွေအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အနေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ချိတ်ဆက်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ဖို့ အသင့်ရှိကြောင်းနဲ့ နိုင်ငံတကာရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အထောက်အကူပေး သွားမှာဖြစ်ကြောင်း အထူးအလေးပေး ပြောကြားလိုပါတယ်၊ ဆိုက်ဘာလိမ်လည်မှု လုပ် ငန်း ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကျွန်တော်တို့အစိုးရ လက်အောက်မှာရှိတဲ့ ရဲတပ်ဖွဲ့နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ အောက်မှာရှိတဲ့ ရဲတပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည်မြှင့်တင် ပေးနိုင်ဖို့အတွက် နိုင်ငံတကာရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ဖိတ်ခေါ်လိုပါတယ်” ဟု ဦးနေဘုန်းလတ်က ဆိုသည်။
မြန်မာနိုင်ငံမှ လူငယ်လူရွယ်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာချိန် ကျားဖြန့် ဆိုက်ဘာလိမ်လည်မှု လုပ်ငန်းများက အလုပ် အကိုင်အတုများ ခေါ်ယူနေမှုများကို အထူးသတိပြုကြရန် NUG က သတိပေးပြောဆိုသည်။
ဓာတ်ပုံ – ရွှေကုက္ကိုလ်မှ ထွက်ပြေးနေကြသော ကျားဖြန့်များ။
Photo- The Reporters ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






