33 C
Yangon

ဆားလင်းကြီးမြို့နယ်၊ ကျေးရွာ ၃ ခုတွင် စစ်တပ်က ဝင်ရောက် တပ်စွဲလိုက်သဖြင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ ၃ ရွာတွင် အကြမ်းဖက် စစ်တပ်က ဝင်ရောက် တပ်စွဲပြီး အနီးအနားရွာများကိုပါ စစ်ကြောင်းထိုးရန် ပြင်ဆင်နေ၍ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့မှ စတင်ပြီး ဆားလင်းကြီး ဝမ်ပေါင်ကုမ္ပဏီမှ အကြမ်းဖက် စစ်သားများက ဝက်မှေးရွာ၊ ကံတောရွာနှင့် ပလောင်ရွာတို့ကို ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းများတွင် ဝင်ရောက် တပ်စွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် ဝက်မှေးရွာ၊ ကံတောရွာနှင့် ပလောင်ရွာမှ ပြည်သူများ အပြင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသောပြည်သူများ တိမ်းရှောင်နေရကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်သည် အနီးအနားရှိ ကျေးရွာများကိုပါ စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

“အခု ဝက်မှေးရွာ ဘုန်းကြီးကျောင်းမှာ စစ်ခွေးတွေ တပ်စွဲလိုက်ပြီး ထွက်နိုင်တဲ့လူတွေကတော့ အခုနေ့လည်ခင်းမှာ ရွာကန ထွက်လာကြပြီ မထွက်နိုင်ကြသေးလို့ ကျန်ခဲ့တဲ့ လူတွေလည်းများတယ်။ ဖုန်းလိုင်းကတော့ ရွာထဲမှာ မမိတော့ဘူး။ နောက်ပြီး စစ်ခွေးတွေက ကံတောရွာထဲမှာလဲရှိနေတယ်။ ပလောင်ရွာ ဘုန်းကြီးကျောင်းမှာလဲရှိတယ်။ စစ်ခွေးတွေ မနက်ဖြန် စစ်ကြောင်းထိုးမယ်လို့ ကြားပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဝမ်ပေါင် ကုမ္ပဏီမှ အကြမ်းဖက် စစ်သားများသည် အောက်တိုဘာလပိုင်းမှ စတင်ပြီး တရုတ်ဝမ်ပေါင်ကုမ္ပဏီကို အခြေပြု၍ ပတ်ဝန်းကျင်ကျေးရွာများကို နယ်မြေရှင်းလင်းရေးဟု အမည်တပ်၍ ဝင်ရောက်စီးနင်းမှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်း ဆားလင်းကြီးမြို့နယ်၊တရုတ်၊ ဝမ်ပေါင်ကုမ္ပဏီဝင်းထဲတွင် တပ်စွဲထားသော စစ်တပ်ကို တော်လှန် ရေးတပ်များက ရှော့တိုက်ဒုံးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း၊ ဝမ်ပေါင်ဝင်းအတွင်းရှိ စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတွင် ညပိုင်း စစ်ဘေးတိမ်းရှောင်နေကြရသည့် ပြည်သူများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article