32 C
Yangon

တန့်ဆည်မြို့နယ်၊ ကံထူးမ ဆေးရုံကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ပြည်သူ ၆ ဦး သေဆုံးပြီး ဆေးရုံဓာတ်မှန်ဆောင် နှင့် ကားဘော်ဒီရုံပျက်စီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာရှိ ဆေးရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၆ ဦး သေဆုံးပြီး ဆေးရုံဓာတ်မှန်ဆောင်နှင့်ကားဘော်ဒီရုံပျက်စီး သွားကြောင်း Infinity Group မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ နိုဝင်ဘာလ ၂၄ ရက် နံနက်အစောပိုင်း ၁ နာရီဝန်းကျင်က တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာ ရှိ ဆေးရုံကို ပစ်မှတ်ထားကာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆေးရုံ ဓာတ်မှန်ဆောင် နှင့် ဆေးရုံနောက်ကျောဘက်ရှိ ကားဘော်ဒီရုံတို့ကို ထိမှန်ပေါက်ကွဲခဲ့ပြီး ကား ဘော်ဒီရုံအလုပ်သမား ၆ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

“ဒီနေ့မနက် ၁ နာရီဝန်းကျင်ကပါ။ အထိအခိုက်ကတော့ အသေးစိပ် မသိရသေးဘူး။ အခုထိ သေဆုံး သူက ၆ ဦးပါ၊ ဗုံးကျဲခံရတဲ့ ဆေးရုံထဲက ဓာတ်မှန်ဆောင်နဲ့ ကားဘော်ဒီရုံက အကုန်ပျက်စီးသွားပါ တယ်” ဟု Infinity Group မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

လွန်ခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့ ကလည်း အဆိုပါ ကံထူးမဆေးရုံကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်လော်ဘီများက ကံထူးမကျေးရွာကို လေကြောင်းမှ တိုက်ခိုက်ပြီး မြေပြင်မှလည်း စစ် ကြောင်းထိုးရှင်းလင်းရန် လှုံဆော်နေသောကြောင့် ကံထူးမကျေးရွာနေ မိဘပြည်သူများအနေဖြင့် လေကြောင်းရန် ကာကွယ်ရေးအတွက် ဗုံးခိုကျင်းများ ခိုင်ခိုင်မာမာ ထူးထားကြပါရန် Infinity Group ကတိုက်တွန်းနှိုးဆော်ထားသည်။

ဓာတ်ပုံ – ယနေ့မနက်အစောပိုင်း လေကြောင်းတိုက်ခိုက်ခံရသဖြင့် ကံထူးမရွာဆေးရုံမှ ဓါတ်မှန်ခန်း အ ပျက်အစီးများကို တွေ့ရစဥ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article