ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ် အစပ် ဖယ်ခုံမြို့နယ်၊ ဘောရန်ရွာအနီးသို့ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် စစ်ဘေးရှောင် အသက် ၁၇ နှစ်အရွယ် အမျိုး သမီး ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း Jobs For Kayah မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် ဖယ်ခုံမြို့နယ်ရှိ ဘောရန်စစ်ရှောင်စခန်းနှင့် နန့်ပလုံ စစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူများ လုပ် ကိုင်နေသည့် ဘောရန်ရွာအနီးရှိ တောင်ယာအတွင်း အကြမ်းဖက် စစ်တပ်နှင့် PNO အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ စစ် တပ်၏ လက်နက်ကြီးကျည် ထိမှန်ပြီး အသက် ၆၆ နှစ်အရွယ် ဒေါ်အေးသန်း (ခ)ဒေါ်နန်းအင်း၊ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦး၊ အသက် ၄၆ အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
“ဘောရန်ကျေးရွာအနီးမှာ တောင်ယာ ပြန်လုပ်နေတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို စစ်တပ်နဲ့ PNO တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ လက်နက်ကြီးကျည် ထိမှန်ပြီးတော့ အမျိုးသမီး ၃ ဦး သေဆုံးပါတယ်။ မနေ့က ဒေါ်အေးသန်း (ခ)ဒေါ်နန်းအင်းရဲ့ နာရေးလုပ် ဆောင်ခဲ့ပါတယ်” ဟု Jobs For Kayah မှ တာဝန်ရှိသူက ပြောဆိုသည်။
အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်နှင့် PNO အဖွဲ့က ဖယ်ခုံမြို့နယ်၊ ဘောရန်ရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ အောက်တိုဘာလ ၁၄ ရက်နေ့ထိ နေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျခဲ့ကြောင်း၊ အကြမ်း ဖက် စစ်တပ်၏ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းမှုကြောင့် ကျေးရွာနေပြည်သူများသည် လက်ရှိချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






