ရန်ကုန်၊ ဒီဇင်ဘာလ ၃
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးကျေးရွာ အွန်းလိုင်းကျားဖြန်ခြံဝန်းအတွင်းမှ ထွက်ခွာရန် ငြင်း ဆန်သူ ၉၄၂ ဦးရှိပြီး စစ်တပ်က လက် နက်ကြီးများဖြင့် ပစ်ခတ်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေသော ကြောင့် ၎င်းတို့၏ လုံခြုံရေးတာဝန်ယူရန် အခက်အခဲဖြစ်ပေါ်နေကြောင်း KNU ဗဟိုက သတင်းထုတ်ပြန် သည်။
နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကေအဲန်ယူ မြေပြင်အကဲဖြတ်အဖွဲ့က မြဝတီမြို့နယ်၊ ဖလူးကျေးရွာရှိ Shunda Park အွန်လိုင်း ငွေလိမ်ခြံဝင်းအတွင်း ကျန်ရှိနေသေးသူများ၏ အရေအတွက် နှင့် မည်သူ မည်ဝါဖြစ်ကြောင်း အပြီးသပ် စာရင်း ကောက်ယူနိုင်ခဲ့ရာတွင် စုစုပေါင်း လူဦးရေ ၁,၀၁၆ ဦး ကျန် ရှိနေသေးကြောင်း ၊ ၎င်းတို့အနက် ယင်း Scam ခြံဝင်းအတွင်းမှ ထွက်ခွာလိုခြင်းမရှိကြောင်း အတိအလင်းဖြေကြားခဲ့သူ ၉၄၂ ဦး (အမျိုးသား ၈၉၂ ဦး၊ အမျိုးသမီး ၅၀ ဦး) ပါဝင်ပြီး ၎င်းတို့အထဲတွင် ကာဇက်စတန် နိုင်ငံမှ အမျိုး သမီး ၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ အမျိုးသမီး ၁ ဦး ၊ ထိုင်ဝမ်နိုင်ငံမှ အမျိုးသမီး ၄ ဦး၊ ဗီယက်နမ် နိုင်ငံမှ အမျိုးသမီး ၄ ဦး၊ လာအိုနိုင်ငံမှ အမျိုးသမီး ၁ ဦး တို့ပါဝင်ပြီး ကျန်သူများမှာ တရုတ်နိုင်ငံ သားများ ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ ကျားဖြန့် ခြံဝင်းမှ ထွက်ခွာလိုသူ တရုတ်နိုင်ငံသူ အမျိုးသမီး ၁ ဦးနှင့် သူမ၏ ၁ နှစ်သား ကလေးငယ် အပါအဝင် စုစုပေါင်း ၇၅ ဦး ကို ကေအဲန်ယူ၏ မြေပြင်အဖွဲ့က Shunda Park Scam Compound ပြင်ပသို့ ဘေးကင်းစွာ ရွှေ့ပြောင်းပေးခဲ့ပြီး သောင်ရင်းမြစ်ကမ်းနံဘေးသို့ ပို့ ဆောင် ပေးထားကြောင်း သိရသည်။
ထို့ကြောင့် Shunda Park Scam Compound အတွင်း၌ ထွက်ခွာလိုခြင်းမရှိသူ စုစုပေါင်း ၉၄၂ ဦး ကျန်နေသေးပြီး စာရင်းမပေးသူ အရေ အတွက်အချို့ ကျန်ရှိနေနိုင်သေးသည်ဟု ယူဆရကြောင်း၊ ၎င်းအရေအတွက်ကို ကောက်ယူနိုင်ရန် ကေအန်ယူအနေဖြင့် လက်လှမ်းမမီနိုင် ကြောင်း KNU ဗဟိုက ပြောဆိုထားသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီ (ထိုင်းစံတော်ချိန် ညနေ ၄ နာရီ ၃၀ မိနစ်) တွင် စုစု ပေါင်း ၃၇၂ ဦး ကို ထိုင်းအာဏာပိုင်များထံ ဘေးကင်းစွာ လွှဲပြောင်းပေးနိုင်ခဲ့ပြီး ၎င်းတို့မှာ သောင်ရင်းမြစ်ကမ်းနံဘေး၌ ၉၆ နာရီကျော် သောင်တင်နေသူ ၃၇၀ ဦး (အမျိုးသား ၃၄၃ ဦး၊ အမျိုး သမီး ၂၉ ဦး) နှင့် ယင်းနေ့မှ ကျားဖြန့် ခြံဝင်းအတွင်းမှ ခေါ်ထုတ်ပေးခဲ့သည့် တရုတ်နိုင်ငံသား အမျိုး သမီး တစ်ဦးနှင့် ၎င်း၏ တစ်နှစ်သားအရွယ် ကလေးငယ်တို့ ပါဝင်ကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၂ ရက်နေ့အထိ ကျားဖြန့် ခြံဝင်းပြင်ပသို့ ခေါ်ထုတ်ပေးခဲ့သူ ၁၇၇ ဦးပြီး ၎င်းတို့ သည် နိုဝင် ဘာလ ၃၀ ရက်နေ့ နေ့လယ်ပိုင်းကတည်းက ၎င်းတို့၏ နိုင်ငံရင်းသို့ ပြန်ပို့ရန်အတွက် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များ၏ လက်ခံမှုကို စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း သိရသည်။
ကျားဖြန့် ခြံဝင်းမှ ထွက်ခွာလာပြီး ထိုင်းအာဏာပိုင်များ၏ လက်ခံမှု စောင့်ဆိုင်းနေသော နိုင်ငံခြားသားများမှာ တရုတ်နိုင်ငံသား အမျိုးသား ၁၀၆ ဦး၊ အိန္ဒိယနိုင်ငံသား ၁ ဦး၊ ကင်ညာ နိုင်ငံ သား အမျိုးသား ၇ ဦး၊ အမျိုးသမီး ၅ ဦး၊ မလေးရှားနိုင်ငံသား အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၁ ဦး၊ နီပေါနိုင်ငံသား အမျိုးသား ၂ ဦး၊ ပါကစ္စတန်နိုင်ငံသား အမျိုးသား ၃ ဦး၊ ရုရှားနိုင်ငံသား အမျိုးသမီး ၁ ဦး၊ ထိုင်ဝမ်နိုင်ငံသား အမျိုးသား ၇ ဦး၊ အမျိုးသမီး ၇ ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသား ၃ ဦး အမျိုး သမီး ၂ ဦး တို့ဖြစ်ကြောင်း သိရသည်။
ကေအဲန်ယူအနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် Shunda scam ခြံ ဝင်းအတွင်းမှ ထွက်ခွါလိုကြောင်း အတိအလင်းပြောခဲ့သူ လူပုဂ္ဂိုလ်အားလုံးကို ဘေးကင်းစွာခေါ် ထုတ် ပေးနိုင်ခဲ့ပြီး အရေအတွက်အားဖြင့် scam ခြံဝင်းအတွင်းရှိ စာရင်း ကောက်ယူရရှိခဲ့သူ စုစု ပေါင်း လူဦးရေ ၃၅၈၂ ဦးအနက် စုစုပေါင်း ၂၆၄၀ ဦး (၇၄ ရာခိုင်နှုန်း နီးပါး) ကို ဘေးကင်းစွာ ခေါ်ထုတ် ပေးနိုင်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့ နေ့လည်ပိုင်းမှ နိုဝင်ဘာလ ၃၀ ရက် နေ့လည်ပိုင်းအထိသောင်ရင်းမြစ်ကမ်း သဲသောင်ပြင်၌ ၉၆ နာရီကြာ သောင်တင်နေသည့် နိုင်ငံခြားသား ၃၉၂ ဦး အတွက် လိုအပ်သော အ ခြေခံ မိုးကာတဲများ၊ ထမင်းဘူးများကို ကေအဲန်ယူ ဒူးပလာယာခရိုင် ခေါင်းဆောင်များ၏ ဦးဆောင်မှု ဖြင့် ကေအဲန်ယူမြေပြင်အဖွဲ့က ပံ့ပိုးပေးခဲ့ကြောင်း၊ ယခုအချိန်အထိလည်း သောင်ရင်းမြစ်ကမ်းဘေး၌ စောင့်ဆိုင်း နေဆဲသူများအတွက်လိုအပ်သည့် အစားအစာနှင့် အခြားအခြေခံလိုအပ်ချက်များကို ကေ အဲန်ယူ မြေပြင် အဖွဲ့က ပံ့ပိုးပေးလျက်ရှိပြီး အခြားအကူမညီရနိုင်သေးသည့်အထိ ဆက်လက် ပံ့ပိုး ပေးရန် ရှိကြောင်း KNU ဗဟိုက အသိပေးထားသည်။
Shunda Park Scam ခြံဝင်းအတွင်းလည်း အစားအသောက်များ ပြတ်လပ်လာသောကြောင့် နိုဝင် ဘာလ ၂၉ ရက်နေ့မှ စတင်၍ ကေအဲန်ယူ မြေပြင်အဖွဲ့က ၎င်းတို့အတွက် အစားအသောက် စီစဉ် ပေးခဲ့ပြီး ယင်းနေ့က ထမင်းဘူး ၁,၀၀၀ စီစဉ်ပေးခဲ့သော်လည်း ၆၇၈ ဦး (အမျိုးသား ၆၆ဝ ဦး/အမျိုး သမီး ၁၈ ဦး) သာ ထွက်လာ၍ လာရောက်ယူခဲ့ကြောင်း၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင်လည်း ကျားဖြန့်ဝင်း အတွင်း ကျန်ရှိနေသူများအတွက် ထမင်းဘူးများကို ဆက်လက် ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
မင်းလက်ပံဒေသ အပါအဝင် မြဝတီတောင်ပိုင်းတွင် မြေပြင်လုံခြုံရေးအခြေအနေသည် လက်နက် ကိုင် တိုက်ပွဲများ ပိုမိုပြင်းထန်လာခြင်းနှင့်အတူ ပိုမိုဆိုးရွားလျက်ရှိကြောင်း KNU ဗဟိုက ပြောကြား သည်။
အကြမ်းဖက်အာဏာသိမ်း စစ် တပ်နှင့် မဟာမိတ်တပ်ဖွဲ့များက မင်းလက်ပံဧရိယာဘက်သို့ စစ် ကြောင်းနှစ်ကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်လာကာ Scam ခြံဝင်းနှင့် အနီးအနားနေရာများသို့ လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် စစ်အာ ဏာ ရှင် အဖွဲ့တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများမှ အကြမ်းဖက်အာဏာသိမ်း စစ်တပ်မှပစ်လိုက် သည့် ၁၂၀ မမ လက်နက်ကြီးကျည် ၃ လုံး သည် scam ခြံဝင်အတွင်း မှလူများကို နေရပ်ပြန်ရန် ရွှေ့ ပြောင်းနေရာ သောင်းရင်းမြစ်သဲသောင်ပြင် ပေါ်သို့ လည်းကောင်း၊ အခြား ၁ လုံးမှာ Scam ခြံဝင်း အတွင်းသို့လည်းကောင်း ကျရောက်ခဲ့ပေါက်ကွဲခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း လူထိမှန်မှုမရှိပဲ အဆောက်အအုံများကိုသာ ထိမှန်ခဲ့ကြောင်း သိရသည်။
ကေအန်ယူ အနေဖြင့် Shunda Park Scam ခြံဝင်းမှ နိုင်ငံခြားသားများကို ၎င်းတို့၏နေရပ်နိုင်ငံများ ကို ထိုင်းအာဏာပိုင်များထံမှတဆင့် ဘေးကင်းစွာ လွှဲပြောင်း ပေးနိုင်ရေးအတွက် သက် ဆိုင်ရာနိုင်ငံမှ အာဏာပိုင်များမှ ပူးပေါင်းဆောင်ရွက်ပေးခဲ့မှုကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ၊သောင်ရင်းမြစ်ကမ်းနံဘေး၌ ဆက်လက်စောင့်ဆိုင်းနေဆဲသော နိုင်ငံခြားသားများ နေရပ်ပြန်နိုင်ရေး အတွက် သက်ဆိုင်ရာ သံရုံးများနှင့် ဆက်လက်၍ချိတ်ဆက်ဆောင်ရွက်လျက် ရှိကြောင်း KNU က သတင်းထုတ်ပြန်သည်။
မင်းလက်ပံဒေသ၏ လုံခြုံရေးအခြေအနေများသည် အချိန်နှင့်အမျှ လျှင်မြင်စွာ ပိုမိုဆိုးရွားလာနေပြီ ကေအန်ယူအနေနှင့် လက်ရှိ Shunda Park scam ခြံဝင်းတွင်းမှ ထွက်ခွာရန်ဆန္ဒမရှိသူများ၏ ဘေး ကင်းလုံခြုံရေးအတွက် အာမခံနိုင်ရန် အလွန်ခက်ခဲလာပြီဖြစ်ပြီး မြေပြင်မှ အရပ် သားဝန်ထမ်းများနှင့် စစ်ဘေးဒဏ်သင့် ပြည်သူအများ၏ ဘေး ကင်းလုံခြုံရေးကို အဓိကထား ဦးဆောင်ပေးဆောင်ရွက်ရ မည့် အခြေအနေသို့ မဖြစ်မနေရောက်ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar







