ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းပေါင်းကျေးရွာကို စစ်ကြောင်းထိုးလာသော အကြမ်း ဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၂၀ ဦးသေဆုံးပြီး သေနတ် ၂၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင် မှ တာ၀န်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ ကုန်းပေါင်းကျေးရွာကို စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက လမ်းပိုင်းတနေရာအရောက်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂၀ ဦးသေဆုံးကာ သေနတ် ၂၂ လက်နက် သိမ်းဆည်းရခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“စစ်ကြောင်း ၂ ကြောင်းက ရွာထဲကို ထိုးလာတာ အဲ့ထဲကမှ အဓိက စစ်ကြောင်း အင်အား ၅၀ ပါစစ်ကြောင်းကို ချေမှုန်းနိုင်ခဲ့တာပါ။ သေ နတ်က ၂၂ လက်ရတယ်။ စစ်ခွေးဘက်က အသေပျောက်က ၂၀ နီးပါး သေဆုံးတယ်။ စစ်ခွေး စစ်ကြောင်းက လင်ဖုန်ကြီးရွာက ထွက်လာတဲ့ စစ်ခွေး စစ် ကြောင်းပါ။ သူက ကိုယ်တွေခံစစ်ပြင်ထားတဲ့ရွာကို ဝင်တိုးတာ ချေမှုန်းရေးနဲ့ Drone ပေါင်းပြီး ပြန်တွယ်ခဲ့နိုင်တာပါ။ လက်ရှိမှာ စစ်ခွေး စစ်ကြောင်းက လင်ဖုံရွာထဲမှာပဲရှိပါတယ်” ဟု အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင် မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို KA ၊ KNDF နှင့် PDF တပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လင်ဖုံရွာထဲ၌ ရှိနေသေးကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




