21 C
Yangon

ရွှေဘိုမြို့နယ်၊ သစ်ချိုပင်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အသက် ၇ နှစ်အရွယ် မဝင်းလဲ့လဲ့ထွန်း အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သစ်ချိုပင်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချရာ အသက် ၇ နှစ်အရွယ် မဝင်းလဲ့လဲ့ထွန်း အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၁ နာရီ ၁၉ မိနစ်ခန့်အချိန် ရွှေဘိုမြို့နယ် အရှေ့ခြမ်း သစ်ချိုပင်ရွာကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ပေါင် ၂၅၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း နေအိမ်ပေါ် ဗုံးသီးကျရောက် ပေါက်ကွဲခဲ့သောကြောင့် အသက် ၃၅ နှစ်အရွယ် ကိုမြင့်သူဝင်း ၊ အသက် ၃၅ နှစ် အရွယ် ‌မမေလွမ်းသူ နှင့် အသက် ၇ နှစ် အရွယ် ဝင်းလဲ့လဲ့ထွန်း တို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“သစ်ချိုပင်ရွာကို စစ်ခွေးတွေက ဂျက်ဖိုက်တာနဲ့ ဗုံးကျဲသွားတာ ဗုံးသီးက ခန့်မှန်းခြေ ပေါင် ၂၀၀ နဲ့ ၃၀၀ လောက်ရှိတယ်။ ဗုံးသီးကျတဲ့နေရာမှာ အိမ်တွေ ပျောက်ထွက်သွားတယ်လို့ သိရတယ်။ ကလေးငယ် ၁ ဦး အပါအဝင် ၃ ဦးသေတယ်။ ဒဏ်ရာရတာလည်း ၂ ဦးရှိတယ်။ နေအိမ် ၅ လုံးထက်မနည်း ပျက်စီးသွားတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

အလားတူ ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း ဝက်လက်မြို့နယ်၊ နတ်မှော်ဦးရွာကို အကြမ်းဖက် စစ် တပ်၏ တံတားဦး လေတပ်မှ တက်လာသော J-Fighter ၁ စီးက ပေါင် ၂၅၀ ဗုံး ၂ လုံးကျဲချ တိုက် ခိုက်ခဲ့သောကြောင့် မိသားစုဝင် ၅ ဦးဖြစ်သော အသက် ၂၅ နှစ် အရွယ် ကိုရှိုင်းကို ၊ အသက် ၂၄ နှစ်အရွယ် မစုမြတ်လင်း ၊ အသက် ၂ နှစ် အရွယ် ရွှေပုံစံ ၊ အသက် ၂၁ နှစ် အရွယ် မောင်မာင်ဝင်း နှင့် အသက် ၄၀ နှစ် အရွယ် ရန်နိုင်ဝင်း တို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ဝက်လက်မြို့နယ်၊ နတ်မှော်ဦးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုများ။ (ပုံအဟောင်းဖြစ်သည်)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဝက်လက်မြို့နယ်၊ နတ်မှော်ဦးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုများ။ (ပုံအဟောင်းဖြစ်သည်)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article