21 C
Yangon

Breaking News – NLD အစိုးရလက်ထက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခဲ့သော ကမ္ဘာ့အကြီးဆုံး အမေရိကန် Chubb Life Insurance ကုမ္ပဏီက စစ်အာဏာသိမ်းမှုကြောင့် လုပ်ငန်းလိုင်စင်ပြန်အပ်ပြီး မြန်မာနိုင်ငံမှ အပြီး ထွက်ခွာတော့မည်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

NLD အစိုးရလက်ထက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခဲ့သော အမေရိကန် Chubb Life Insurance ကုမ္ပဏီက စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေး၊ စီးပွားရေးနှင့် စိန်ခေါ်မှုများ မကျော်လွှားနိုင်တော့၍ မြန်မာနိုင်ငံမှ ရုံးများ ပိတ်သိမ်း အပြီး ထွက်ခွာသွားရန် တင်ပြလိုက်ပြီဖြစ်ကြောင်း စစ်တပ်ထံမှ ပေါက်ကြားသော လျှို့ဝှက်ရုံးစာအရ သိရှိရသည်။

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံကို အမေရိကန် အပါအဝင် အနောက်နိုင်ငံကြီးများက စီးပွားရေး ပိတ်ဆို့မှုများ တောက် လျှောက် လုပ်ဆောင်ခဲ့ပြီး အမေရိကန်အခြေစိုက် Chubb Life Insurance Myanmar ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်ရာတွင် တွေ့ကြုံရသော စိန်ခေါ်မှုများ၊ နိုင်ငံရေး၊ စီးပွား​ရေး အခြေအနေတို့ကို ကျော်လွှားနိုင်ခြင်းမရှိတော့ကြောင်း ကုမ္ပဏီက စစ်တပ်ထံသို့ တရားဝင် စာတင်ပြလိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။

Chubb Life Insurance Myanmar ကုမ္ပဏီအနေဖြင့် အာမခံထားသူများ၏ အကျိုးစီးပွားကို ထိခိုက်မှု မဖြစ်ပေါ်စေရန်နှင့် လျှော်ကြေးဖြစ်ပေါ်မှုများကို ကာကွယ်နိုင်ရန်အတွက် ရောင်းချထားပြီးသော အာမခံပေါ်လစီများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစတင်၍ ရပ်ဆိုင်း ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အကျုံးဝင်သော အာမခံပေါ်လစီပိုင်ရှင်များအတွက် အာမခံ​ ပေါ်လစီများကို ဖျက်သိမ်း၍ ပေးသွင်းထားပြီးဖြစ်သည့် ပရီမီယံများ၏ ၁၀၀ ရာခိုင်နှုန်းကို ပြန်လည် ပေးအပ်ခြင်း၊ ခုနှိမ် ပြန်လည်ပေးအပ်ခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီက တရားဝင် ကြေညာသည်။

ထို့ကြောင့် NLD အစိုးရလက်ထက်က ချထားပေးခဲ့သော လုပင်န်းလိုင်စင်ကို ပြန်လည် အပ်နှံရန်နှင့် Chubb Life Insurance ၏ နိုင်ငံခြားအာမခံ ကိုယ် စားလှယ်ရုံးကိုလည်း အပြီး ပိတ်သိမ်းတော့မည်ဟု သိရှိရသည်။

အမေရိကန်အခြေစိုက် Chubb Life Insurance ကုမ္ပဏီက NLD အစိုးရလက် ထက် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ မြန်မာနိုင်ငံအတွင်း ရာနှုန်းပြည့်ပိုင်ဆိုင်သော အသက်အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ကို ရရှိခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ရုံးခွဲကို ဖွင့်လှစ် လုပ်ငန်းများ စတင်လည်ပတ်ခဲ့ခြင်းဖြစ်သည်။

Chubb သည် ကမ္ဘာ့အကြီးဆုံး အများပိုင် ပစ္စည်းနှင့် ထိခိုက်နစ်နာမှု (P&C) ဆိုင်ရာ အာမခံကုမ္ပဏီကြီးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် ထိပ်တန်း အာမခံလုပ်ငန်းကြီးလည်းဖြစ်သည်။

အဆိုပါကုမ္ပဏီက ကမ္ဘာ့နိုင်ငံပေါင်း ၅၄ ခုတွင် အာမခံ လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး Chubb အာမခံကုမ္ပဏီက စီးပွားရေးနှင့် တစ်ဦးချင်းဆိုင်ရာ ပစ္စည်းနှင့် ထိခိုက်နစ်နာမှု အာမခံ၊ တစ်ကိုယ်ရေ မတော်တဆမှုနှင့် နောက်ဆက်တွဲ ကျန်းမာရေးအာမခံ၊ အာမခံတစ်ဆင့်ပြန်ထားခြင်း (Reinsurance) နှင့် အသက် အာမခံ ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသော ကုမ္ပဏီကြီးဖြစ်သည်။

Chubb ကုမ္ပဏီ ၏ကမ္ဘာတစ်ဝန်းရင်းနှီးမြှပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ နီးပါး တန်ကြေးရှိသော ကုမ္ပဏီကြီးဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် စုစုပေါင်း အာမခံပရီမီယံကြေး အမေရိကန်ဒေါ်လာ ၅၂ ဘီလီယံ ရရှိခဲ့ကြောင်း အဆိုပါကုမ္ပဏီက တရားဝင် သတင်းထုတ်ပြန်သည်။

Chubb ကုမ္ပဏီက ဇူးရစ်၊ နယူးယောက်၊ လန်ဒန်၊ ပဲရစ်နှင့် ကမ္ဘာ့ထိပ်တန်းမြို့ကြီးများတွင် အမှုဆောင်ရုံးများကို ဖွင့်လှစ်ထားရှိပြီး ကမ္ဘာတစ်ဝန်းတွင် ဝန် ထမ်းပေါင်း ၃၄,၀၀၀ ခန့်အပ်ထားသော နိုင်ငံတကာ ကုမ္ပဏီကြီးလည်းဖြစ် သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article