32 C
Yangon

ဧရာ၀တီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်ရန် မင်းအောင်လှိုင်က တရုတ်နိုင်ငံသို့ စတင်ကမ်းလှမ်းခဲ့

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ပြည်သူများ၏ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထားခဲ့သော ဧရာ၀တီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်ရန် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နိုင်ငံသို့ စတင်ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

မင်းအောင်လှိုင်က တရုတ်သမ္မတ ရှီကျင့်ပင်နှင့် တစ်ဦးချင်း သီးသန့် တွေ့ဆုံခွင့်ရရန်၊ စစ်အာဏာသိမ်းမှုအပေါ် တရုတ်နိုင်ငံ၏ ထောက်ခံမှု ရရှိရေးအတွက် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဧရာ၀တီမြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် စစ်တပ်အနေဖြင့် အဆင့်သင့်ရှိသည်ဟု တရုတ်နိုင်ငံသို့ တရား ဝင် အသိပေး အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မြစ်ဆုံစီမံကိန်း ပြန်စချင်တယ်ဆိုပြီး စပြီး ကမ်းလှမ်းတာက ဒီဘက်က ကမ်းလှမ်းတာပါ။ တပ်ချုပ်ကနေ သံတမန်လမ်းကြောင်းကနေ တရုတ်နိုင်ငံက မြစ်ဆုံစီမံကိန်း ပြန်လည် စ တင် မယ်ဆိုရင် အဆင်ပြေချောမွေ့အောင် လုပ်ဆောင်နိုင်တယ်ဆိုပြီး ကမ်း လှမ်းခဲ့တာပါ။ အခုသိရသလောက် ရွေးကောက်ပွဲပြီးတဲ့အထိ တရုတ်ဘက်က အပြီးသတ် ဆွေးနွေးမှုတွေ လုပ်ဖို့ စောင့်ဆိုင်းနေတယ်လို့ သိရတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဧရာ၀တီမြစ်ဆုံစီမံကိန်းကို နှစ်နိုင်ငံ စီးပွားရေးအရ တွက် ခြေကိုက်နိုင်မည့် တမံအမျိုးအစား Concrete Face Rock Fill Dam(CFRD) ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံ အဖြစ် တည်ဆောက်၍ တပ်ဆင်စက်အင်အား ၅၆၀၀ မဂ္ဂါဝပ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း ယခုဒီဇင်ဘာလအတွင်း မြစ်ကြီးနားခရီးစဉ်တွင် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

အကြမ်းဖက် မင်းအောင်လှိုင်က ဧရာ၀တီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ကို ယခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး မြစ်ဆုံစီမံကိန်းအတွက် တရုတ် ယူနန်ပြည်နယ်မှ SPIC Yunan International Power Investment Co.,Ltd (SPICYN) နှင့်အတူ ပူးပေါင်း၍ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်များ၊ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများ စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းအပြင် ဦးဆောင်အဖွဲ့က လမ်းညွှန်ချက် ပေးခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်း အပါအဝင် လုပ်ငန်းများ ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း ဧရာ၀တီမြစ်ဆုံစီမံကိန်းကို စစ်တပ်က အတင်းအကျပ် ပြန်လည်စတင်ပြီးနောက် စီမံကိန်းများကို အထောက် အထား ခိုင်လုံမှုမရှိဘဲ ကန့်ကွက်လျှင် ကန့်ကွက်သည့်ပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများကို အရေးယူမည်ဖြစ်ကြောင်း စစ်တပ်က အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article