21 C
Yangon

စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သည့် ပါတီဝင် ၂၀ ဦးကို NLD ထုတ်ပယ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ မူဝါဒနှင့် ညွှန်ကြားချက်များကို ဖောက်ဖျက်၍ အကြမ်းဖက် စစ်တပ်၏ အတု အယောင်ရွေးကောက်ပွဲတွင် ပါဝင်အားပေးကူညီနေသည့် ပါတီဝင် ၂၀ ဦးကို ထုတ်ပယ်လိုက်ကြောင်း NLD ပါတီက ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

NLD ပါတီ၏ ကြားကာလဗဟိုကော်မတီ အစည်းအဝေးများတွင် မတရားအာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ နိုင်ငံရေးတရားဝင်မှု ရရှိစေရန် ရည်ရွယ်ကျင်းပမည့် အတု အယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် အတိ အလင်း တားမြစ်ထားခဲ့ပြီး ဖြစ်ကြောင်း ၊ သို့သော် အဆိုပါ ညွှန်ကြားချက်ကို မျက်ကွယ်ပြု၍ စစ်ကော်မရှင်၏ ရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့် အားပေးကူညီခြင်းများ ပြုလုပ်သူများကို ပြည်သူ့ဆန္ဒ ဆန့်ကျင်သူများအဖြစ် သတ် မှတ်ကာ ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

NLD ပါတီမှ ထုတ်ပယ်ခံရသူ ၂၀ ဦးတွင် ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ရန် ကုန်တိုင်းတို့မှ ခရိုင်၊ မြို့နယ်နှင့် ရပ်/ကျေး အဆင့် အလုပ်အမှုဆောင်များ ပါဝင်ကြောင်း သိရှိရသည်။

NLD ပါတီ\ စည်းကမ်းနှင့် ဆုံးဖြတ်ချက်များကို လိုက်နာခြင်းမရှိဘဲ စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်မှုကြောင့် ထုတ်ပယ်ခံရသူ ၂၀ ဦးမှာ-

– ဦးညီညီထွန်း (အဖွဲ့ဝင်၊ သတင်းပြန်ကြားရေး၊ မြဝတီခရိုင်အလုပ်အမှုဆောင်အဖွဲ့)

– ဦးအောင်ကိုဦး (အဖွဲ့ဝင်၊ လှိုင်းဝကျေးရွာ ရပ်/ကျေးအလုပ်အမှုဆောင်အဖွဲ့)

– ဦးသန်းထိုက်အောင် (အဖွဲ့ဝင်၊ ဒိုက်ဦးမြို့နယ်အလုပ်အမှုဆောင်အဖွဲ့)

– ဦးအေးလွင် (အဖွဲ့ဝင်၊ သတင်းပြန်ကြားရေး၊ ဒိုက်ဦးမြို့နယ်အလုပ်အမှုဆောင်အဖွဲ့)

– ဦးထွန်းဝင်း (ပါတီဝင်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့)

– ဒေါ်ချိုနွယ်ဦး (အဖွဲ့ဝင်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အလုပ်အမှုဆောင်အဖွဲ့)

– ဒေါက်တာဖြူဖြူခိုင် (ဥက္ကဌ၊ ဒဂုံဆိပ်ကမ်းမြို့နယ်အလုပ်အမှုဆောင်အဖွဲ့)

– ဦးအောင်မိုး (တွဲဖက်အတွင်းရေးမှူးဟောင်း၊ ၇၈ ရပ်/ကျေးအလုပ်အမှုဆောင်အဖွဲ့၊ ဒဂုံဆိပ်ကမ်းမြို့နယ်)

– ဦးစိုးတင့် (အတွင်းရေးမှူး၊ ၁၆၈ ရပ်/ကျေးအလုပ်အမှုဆောင်အဖွဲ့၊ ဒဂုံဆိပ်ကမ်းမြို့နယ်)

– ဒေါ်လှရီ (အတွင်းရေးမှူး၊ ၁၆၈ ရပ်/ကျေးအမျိုးသမီးလုပ်ငန်းအဖွဲ့၊ ဒဂုံဆိပ်ကမ်းမြို့နယ်)

– ဒေါ်မာမာလွင် (ဘဏ္ဍာရေးမှူး၊ ၈၈ ရပ်/ကျေးအလုပ်အမှုဆောင်အဖွဲ့၊ ဒဂုံဆိပ်ကမ်းမြို့နယ်)

– ဒေါ်တင်အေး (အဖွဲ့ဝင်၊ ၇၈ ရပ်/ကျေးအမျိုးသမီးလုပ်ငန်းအဖွဲ့၊ ဒဂုံဆိပ်ကမ်းမြို့နယ်)

– ဦးစန်းလွင် (အဖွဲ့ဝင်၊ ၆၈ ရပ်ကွက် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့၊ ဒဂုံဆိပ်ကမ်းမြို့နယ်)

– ဦးတိုးအောင် (အတွင်းရေးမှူး၊ ၆၇ ရပ်/ကျေးအလုပ်အမှုဆောင်အဖွဲ့၊ ဒဂုံဆိပ်ကမ်းမြို့နယ်)

– ဦးစိန်မြိုင် (ဥက္ကဌဟောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်အလုပ်အမှုဆောင်အဖွဲ့)

– ဦးဌေးမြင့် (တွဲဖက်အတွင်းရေးမှူး၊ မင်္ဂလာတောင်ညွန့်မြို့နယ်အလုပ်အမှုဆောင်အဖွဲ့)

– ဦးသန်းစိုး (ဘောဂဗေဒ – ပါတီဝင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်)

– ဒေါ်မွန်မွန်အောင် (ပါတီဝင်၊ ရပ်/ကျေးအလုပ်အမှုဆောင်ဟောင်း၊ မြောက်ဥက္ကလာပမြို့နယ်)

– ဦးညီညီထွန်း (ဥက္ကဌ၊ ပေါက်ကုန်းရပ်/ကျေးအလုပ်အမှုဆောင်အဖွဲ့၊ မင်္ဂလာဒုံမြို့နယ်)

– ဦးသောင်းထွဋ် (အဖွဲ့ဝင်၊ ဗဟန်းမြို့နယ်အလုပ်အမှုဆောင်အဖွဲ့) တို့ ဖြစ်‌ကြောင်း သိရှိရသည်။

NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်မှုကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ကျင်းပခဲ့သော ဗဟိုဌာနချုပ် အစည်းအဝေး (၄၇/၂၅) ၏ ဆုံးဖြတ်ချက်အရ အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း NLD က ကြေညာသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်- NLD အနေဖြင့် နိုင်ငံတကာက အသိအမှတ်ပြုထားသည့် ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေး ကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး၏ ၈၂ ဒသမ ၃၆ ရာခိုင် နှုန်း အနိုင်ရရှိခဲ့သော်လည်း အကြမ်းဖက်စစ်တပ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက် ၍ အာဏာလုယူခဲ့သည့်အပြင် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတော်အကြီးအကဲများကို မတရားဖမ်းဆီးထားခြင်းအပေါ် လည်း ပြင်းထန်စွာ ကန့် ကွက်ထား သည်။

Photo- Flickr

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article