21 C
Yangon

ဘီးလင်းမြို့နယ်၊ သပြေနီရွာအနီး ဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ ပေါက်နှင့်မြို့နယ် အစပ်ရှိ ရေနံမှော် ဒေသကိုလည်း စစ်တပ်က Gyrocopter ဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်၊ သပြေနီရွာအနီး ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ခန့်တွင် ဘီးလင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် သပြေနီရွာအနီးကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ခတ္တာဘုန်းကြီးကျောင်းဝင်း အတွင်းကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပြီး သပြေနီရွာမှ ပြည်သူ ၂ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မနေ့က မွန်းလွဲ ၁၂ နာရီလောက်မှာ စစ်ခွေးတွေ ပစ်တဲ့ လက်နက်ကြီးက ခတ္တာ​ကျောင်းဘုန်းကြီးကျောင်းထဲကို ကျရောက်ပေါက်ကွဲပြီး သပြေနီကျေးရွာက ပြည်သူ ၂ ဦး သေဆုံးတယ်။ ၁ ဦး ထိခိုက် ဒဏ်ရာရရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဒီဇင်ဘာလ ၁၂ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ ဖိုးဝသိမ်ကျေးရွာကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ဖိုးဝသိမ်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေပြည်သူ အသက် ၅၃ နှစ်အရွယ် ဦးကြည်လွင်နှင့် ရှမ်းစုရွာမှ အသက် ၅၀ နှစ်အရွယ် ဦးမောင်လုံးတို့ သေဆုံးခဲ့ကြောင်း၊ ထို့ပြင် စစ်တပ် စစ်ကြောင်းက အလူကြီးရွာမှ ပြည်သူ ၃ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့်၊ မြိုင်မြို့နယ် အစပ် လက်ပံတို ရေနံမှော်ဒေသကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Gyrocopter ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေကြာင်း မြိုင် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် နံနက်ပိုင်းမှ စတင်ပြီး အကြမ်းဖက် စစ်တပ်၏ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter များက ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အစပ်ရှိ လက်ပံတို ရေနံမှော် ဒေသကို ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ်များပျက်စီးကာ ပြည်သူများလည်းဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ပြည်သူတွေ ထိခိုက်တာတော့မရှိဘူး။ နေအိမ်တွေတော့ ပျက်စီးတာရှိတယ်။ ပြည်သူတွေလည်းဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု မြိုင်ပကဖမှ တာဝန်ရှိသူက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article