ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ပိုင်ခွင့်တွေကို မိသားစုလိုက် လက်ဝါးကြီးအုပ်ထားတဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူရဲ့သားဖြစ်သူ အောင်ပြည့်စုံကို လုပ် ပိုင်ခွင့်ချပေးထားတဲ့ အမှတ် ၁ သန်လျင်ရေနံချက်စက်ရုံကို ခပ်တည်တည်နဲ့ သွားရောက်စစ်ဆေးပြီး အဲ့ဒီ့ ရေနံချက်စက်ရုံ ရာပြည့်အခမ်းအနားနဲ့ စွမ်းအင်ပြတိုက်ဖွင့်ပွဲတွေကို ယမန်နေ့ကပဲ တက်ရောက်ခဲ့ပြန်တယ်လို့ သိရပါတယ်။
- စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်မှာ အကြမ်းဖက် စစ်တပ်ရဲ့ ခမရ ၁၂၀ စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက် ခိုက်ခြေမှုန်းမှုအတွင်း စစ်တပ်ဘက်က သေတဲ့သူတွေများထားတဲ့ အပြင် စစ်သား ၇ ဦးကိုပါ အရှင်ဖမ်းဆီးရမိထားပြီး စစ်ကြောင်းရဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လွင်ကိုကိုထွန်းဆိုရင် ကိုယ်လွတ်ရုန်း ထွက်ပြေးသွားတယ်လို့ စစ်သုံ့ပန်း တပ်ကြပ်ကြီး ဇော်လင်း ကိုယ်တိုင် ဝန်ခံထွက်ဆိုထားပါတယ်။
- တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ မိုင်ခရိုဝိတ်တောင်ပေါ်မှာရှိတဲ့ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက် တိုက်ခိုက်ရာမှာလည်း စစ်တပ်ဘက်က ဒုတပ်ကြပ် ၁ ဦး အပါအဝင် ၃ ဦးသေသွားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




