34 C
Yangon

ဗန်းမောက်မြို့မဈေးကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ဈေးဆိုင်များ မီးလောင်ပျက်စီး၊ လောင်းလုံးတွင်လည်း စစ်ရေးအခြေအနေ တင်းမာနေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မဈေးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက် ခိုက်ခြင်းကြောင့် ဈေးဆိုင်များ မီးလောင်ပျက်စီးခဲ့ကြောင်း ကသာခရိုင် အမှတ် ၄ တပ်ရင်း၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက်အစောပိုင်း ၅ နာရီ ၃၀ မိနစ်ခန့်အချိန် ဗန်းမောက်မြို့ မြို့မဈေးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ဈေးဆိုင်များ မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

“ဒီနေ့ နံနက်အစောပိုင်း ဗုံးလာကျဲတာ စျေးမှာ မီးခိုးတွေ အူထွက်နေတာတော့ တွေ့ရတယ်။ ထိခိုက်ပျက်စီးမှုအသေးစိတ်တော့မသိရသေးဘူး” ဟု ဗန်းမောက်ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်နိုင်သည့် ပျက်စီးမှု အခြေ အနေများနှင့်ပတ်သက်၍ ကသာခရိုင် အမှတ် ၄ တပ်ရင်းကို ရန်ကုန်ခေတ်သစ် သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေဆိုခြင်းမရှိသေးပေ။

အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်၏ တိုက် ခိုက်ရေး လေယာဉ်များ ဆက်တိုက်ပျံဝဲနေ၍ ပြည်သူများ သတိပြုနေထိုင်ရန် အသိပေးလိုကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် လောင်းလုံးမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်ရေး လေယာဉ်များ ဆက်တိုက်ပျံဝဲနေပြီး အရပ်သားပြည်သူများကို ဗုံးကျဲ တိုက်ခိုက်နိုင်သောကြောင့် ပြည်သူများ ဂရုပြု နေထိုင်ကြရန် အသိပေးလိုခြင်းဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

“လောင်းလုံးမြို့နယ်မှာ စစ်ခွေးတွေ လေယာဉ်တွေ ဆက်တိုက်ကို ပျံဝဲနေတယ်။ အဲတာကြောင့် ပြည်သူတွေကို လေကြောင်း သတိထားဖို့ ပြောချင်တယ်။ နောက်ပြီး စစ်ခွေး ရွေးကောက်ပွဲကလည်း နီးလာပြီဆိုတော့ လေကြောင်း တိုက်ခိုက်တာတွေလည်း လုပ်ဆောင်နိုင်တဲ့ အတွက်ကြောင့် ပြည်သူတွေကို လေကြောင်း ဂရုစိုက်ဖို့ ပြောချင်တယ်” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ၏ တရားမဝင် အတုယောင် ရွေးကောက်ပွဲနီးကပ်လာချိန်တွင် လေယာဥ်ဖြင့် တချို့နေရာများတွင် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေ၍ လောင်းလုံးမြို့နယ် အတွင်းရှိ ပြည်သူများအနေဖြင့် လေကြောင်း အန္တရာယ် သတိပြုနေထိုင်ကြရန် လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ကလည်း အသိပေး ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ယနေ့နံနက်ပိုင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဗန်းမောက်မြို့မစျေး မီးလောင်ကျွမ်းနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article